Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ရာဇဝင်တွေ ထဲက စုဖုရားလတ်လို အချစ်


Photo by Google

မြန်မာ့ နောက်ဆုံး သရဖူဆောင်း ဘုရင် သီပေါမင်း ကို ကြင်ယာတော် ဖြစ်တဲ့ စုဖုရားလတ် က အသည်းတုန် အူတုန် ချစ်ရရှာတဲ့ အတွက်၊ မောင်တော်အတွက် ဒေါသူပုန် ထမိလေ့ရှိသည်ဟု ဆိုကြသည်။
စုဖုရားလတ်၏ မေတ္တာဖွဲ့ကို တောင်သမန်စား မောင်ဖေငယ် က ဆက်သွင်းတဲ့အခါ မင်းနှင့်မိဖုရားတို့ ရာဇ အိနြေ္ဒပျက်သည် အထိ ရယ်မောမိကြတယ် ။ မင်း အဆက်ဆက် မိန်းမတွေ သောက်သောက်လည်း ယူခဲ့ကြပေမယ့် မြန်မာ့ နောက်ဆုံးဘုရင် သီပေါမင်း ခမြာမှာတော့ နန်းတင်ပေးခဲ့တဲ့ မယ်တော် ရှင်ဖြူမရှင် မီဖုရားကြီးကိုတင် မဟုတ် သမီးတော် စုဖုရားလတ် ကိုလည်း ကြောက်ရရှာပါတယ်။ နောက်ဆုံး နန်ရွာစံသွားတဲ့ အထိ ကြင်ယာတော် စုဖုရားလတ်နှင့်ဘဲ ပေါင်းဖက်သွားရရှာတယ်၊

ဒို့ အရှင်မှာ ရှေ့က ဘိုးတော် ဘေးတော်တွေလို ကြင်ယာတော်တွေ အမြောက်အများ မပြောနဲ့ အပျော်ရည်းစားလေးတောင် မထားခဲ့နိုင်ရှာပါဘူး။ စုဖုရားလတ်ရဲ့ ငယ်သူငယ်ချင်း ကစားဖော် ကစားဖက် မောင်မောင်တုတ်ရဲ့ မြှောက်ပင့် အောင်သွယ်ပေးမှုကြောင့် ဒိုင်းခင်ခင် နှင့် ချစ်ရည်လူးလို့ ဥယျာဉ်တော်မှာ ချိန်းတွေ့စဉ် စုဖုရားလတ် က ထမိန် စွန်တောင်စွဲလို့ သီပေါဘုရင်ကို ဓါးနှင့်လိုက်တာ ရာဇဝင်မှာ အထင်အရှား ပါဘဲ။ ဒိုင်းခင်ခင်လည်း စုဖုရားရဲ့ အမျက်တော်ရှလို့ နောက်ဆုံးတော့ အသတ်တော် ခံရရှာတယ်။ မိန်းမတွေ တကယ်ချစ်ရင် သိပ်ကြောက်ဖို့ ကောင်းပါတယ်။ မောင်ဖေငယ် က အရှင်နှစ်ပါးကို ဆက်သွင်းခဲ့တဲ့ ကဗျာလေးက ထိထိမိမိ ရှိလှလွန်းလို့ ဖတ်ရင်းပြုံးမိ သလို သံဝေဂလည်း ရမိပြန်ပါတယ်။

ကျုပ်လင်ကို တည့်တည့်လှည့်လို့၊

ယိယိပြောမူ။

စိစိ ကြည့်သောသူကို သဘောမတူနိုင်ကြောင်း ။

ကျွန်မထက် ပျိုရေသာစေ၊ အိုလေလာ ဝေးစွာ ခွာရှောင်း ။

မ ဆိုလို့ နှုတ်ချိုလျှင်၊ ဒုတ်တိုနှင့် ချက်ကောင်း။

ခုတ်မလို မျက်စောင်းနှင့် ၊ လက်ခမောင်း ခတ်ချင်။

ဆွဲစွန်တောင် စွေတစောင်းရယ်နှင့် ၊ ရွှေခါးတော် ကြိုက်မဲ့သာပြင်။

တရည်းစား တမယား လင်ကို ၊ ကြားမဝင်စေတန်းလို့ ၊

ရွှေကျမ်းများသောက်တော်မူ ဟောပြအယူ၊

ဘောထလို ပြောရသူမှာ၊ ဒေါသမူ ထွက်ဆဲမို့လေး ။ ။
( တောင်တမန်စား မောင်ဖေငယ် )

အထက်ပါ ကဗျာလေးရဲ့ ခေါင်းစဉ်ကိုတော့ မမှတ်မိ မသိတော့ပါဘူး။ ကျွန်တော် မှတ်စုစာအုပ်ထဲ မှတ်ထားတာလည်း အချိန်တော်တော် ကြာနေပြီဖြစ်လို့  စာအုပ် အဟောင်းလေးတွေ ရှင်းရင်း ပြန်တွေ့လို့ ဂန္တဝင် ရှားပါး ကဗျာ တပုဒ်အဖြစ် ရှာဖွေတင်ပြ ပေးလိုက်ယုံ သက်သက်ပါ။  တောင်တမန်စား မောင်ဖေငယ် က သီပေါဘုရင်နဲ့ စုဖုရားလတ် တို့ကို ဆက်သခဲ့တဲ့ ကဗျာလေးမို့ ခေါင်းစဉ်ကို " ရာဇဝင်တွေထဲက စုဖုရားလတ်လို အချစ်" လို့ အမည် ပေးလိုက်ရတာကိုလည်း  နားလည်ပေးကြလိမ့်မယ်လို့ ထင်ပါတယ်။
KMNL

 

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More