Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

မိနှင်းဆီ

မင်းရနံ့ …
မင်းရဲ့ဆူးတွေက …
ထူးမြတ်တဲ့ ဂုဏ်သိက္ခာတဲ့လား မိနှင်းဆီ။
ရနံ့နဲ့ဆူး …
ဘာက ငါ့ကိုပိုယစ်မူးစေခဲ့လဲ …
ဖြေဖို့ခက်ဆဲမေးခွန်းတွေပဲပေါ့ မိနှင်းဆီ။
မိနှင်းဆီ …
မင်းဟာ … ဆူးများစွာဝန်းရံခတဲ့ ဘုရင်မ။
မိနှင်းဆီ …
မင်းဟာ … ရနံ့ချိုချိုနဲ့ ကတ္တီပါစိုစိုကို အပိုအလိုမရှိဆင်မြန်းထားတဲ့ ဧကရီ။
မိနှင်းဆီ …
မင်းဟာ … ငါခုံမင်ခဲ့မိတဲ့ သီချင်းတစ်ပုဒ် … ဓားသွားထက်ပျားရည်စက်ပေါ့။

နီဟိန်းအောင်

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More