Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

လူရွှင်တော်



ရောင်စုံကန့်လန့်ကာရှေ့မှာ ရောက်ရှိလာသော ဧည့်ပရိတ်သတ်များကို ကျွန်တော့ရဲ့ မျက်နှာကို အစွန်းကုန်အထိ စပ်ဖြီးဖြီးလုပ်ထားကာ မြင်သူတိုင်း ရယ်မောနိုင်အောင် ဖန်တီးထားရပါတယ်။

ဘာကြောင့် ဒီလိုလုပ်ရတာလည်းဆိုတော့ ကျွန်တော်ဟာ လူရွှင်တော် တစ်ယောက်မို့ပါပဲ။ ဟုတ်ပါတယ်။ လူရွှင်တော်ဆိုတာ ကိုယ်ပြက်လိုက်တဲ့ ပြက်လုံးတိုင်းလိုလိုမှာ ရယ်စရာ မောစရာ အူရွှင်စရာတွေ ပါနေတာကြောင့် လူရွှင်တော်လို့ သတ်မှတ်ခဲ့ကြသည်လား မသိ။ သေချာတာကတော့ လူရွှင်တော်ဆိုတာ အသုံးတော်ခံ ဝေါဟာရ များထဲမှာ တစ်ခုပင်ဖြစ်သည်။


ပရိတ်သတ်များက လူရွှင်တော်တစ်ယောက် ရဲ့ ပြက်လုံးတွေ လွှင့်မျှောနေကြအပြီးမှာ သူတို့ရဲ့ ကောက်ချက်ကတော့ ငပေါ ငကြောင် ဟာသကောင်.....

ရောင်စုံကန့်လန့်ကာရှေ့မှာ လူတွေကို ကျွန်တော် ရယ်မောအောင် အမျိုးမျိုးလုပ်ပြရတယ်။ တစ်ခါတစ်ခါ ပြက်လုံးတွေကြောင့် လူရိုသေတန်တဲ့ အဖြစ်မျိုးတွေကိုလည်း လုပ်ခဲ့ရတယ်။ ရောင်စုံကန့်လန့်ကာရဲ့ အရှေ့ကိုရောက်တာနဲ့ ကျွန်တော့်ရဲ့ ပြက်လုံးတွေကြောင့် ရယ်မောနေတယ်ဆိုရင်ပဲ ကျေနပ်မိတယ်၊ ကျွန်တော် မပျော်ပေမဲ့လည်း ပရိသတ်တွေ ပျော်နေရင် ကျေနပ်မိတယ်။

ကျွန်တော်တို့လို လူရွှင်တော်တွေဆိုတာ “အငိုမျက်လုံး အပြုံးမျက်နှာ”နဲ့ တစ်ခါတစ်ရံမှာ ရောင်စုံကာလကာပေါ်ရောက်ခဲ့ရတယ်။ ဟုတ်ပါတယ်။ အိမ်က မိသားစု စားဝတ်နေရေးတွေ၊ နာမကျန်းဖြစ်နေတာတွေ၊ သာရေးနာရေးတွေ၊ အကျပ်အတည်းတွေကြားမှာ ကျွန်တော့်ရဲ့ စိတ် ကျွန်တော့်ရဲ့ မျက်နှာကို ဘယ်လို ရွှင်အောင် လုပ်ရမလည်းလေ၊ ၀မ်းရေးအတွက် လူရွှင်တော် အလုပ်ကို လုပ်ရတဲ့ အခိုက်မှာတော့။ အငိုမျက်လုံး အပြုံးမျက်နှာ နဲ့ ပရိသတ်တွေကို ဖျော်ဖြေရင်းပေါ့လေ...။

ပရိတ်သတ်တွေကတော့ တွေးနေကြလိမ့်မယ်။ လူရွှင်တော်တွေက အပူအပင်ကင်းတယ်။ စိတ်ညစ်စရာတွေမရှိဘူး။ အမြဲတမ်းပျော်နေတဲ့ ပုံစံလေးပဲလို့။ တစ်ကယ်တော့ လူတစ်ယောက်ရဲ့ အပြင်ပိုင်းကို ကြည့်ပြီး ထိုလူရဲ့ စိတ်ကို ခန့်မှန်းလို့မှ မရပဲ။ လူရွှင်တော်တွေမှာ ရောင်စုံကကန့်လန့်ကာရဲ့ နောက်ကွယ်မှာ ဘယ်လောက်ပဲ ၀မ်းနည်းစရာတွေရှိနေပါစေ။ ကန့်လန့်ကာရှေ့ရောက်လာတဲ့ အခါမှာတော့ အပြုံးမျက်နှာကို တန်ဆာဆင်ရပါတယ်...။

တစ်ကယ်တော့ ကျွန်တော်ဟာ အပြုံးမျက်နှာလေးကို ပြနေပေမဲ့လည်း မျက်ဝန်းက မျက်ရည်တွေကို ပရိသတ်တွေ မြင်နိုင်မယ်ဆိုရင်........

{ဇောင်း}

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More