Sample Text
ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။
Pages
သူတို့ နှစ်ယောက်
သားတို့သမီးတို့
ဥတုရာသီရော၊နေရေးထိုင်ရေးရာ လုပ်ခွင် လုပ်ခရော အစစအဆင်ပြေကြရဲ့ လား။ အမေတို့ ဆီမှာတော့  ပြင်းထန်ကြမ်းတမ်း တဲ့ ဥတုရာသီကြီးတွေကို ရင်မဆိုင်ကြရပေမယ့် အမေတို့ ဒေသမှာ မိုးခေါင်တဲ့ ဒဏ်ကိုတော့ ခံနေကြရတယ် ။ မိုးခေါင်တော့ အသီးအပင်တွေ မရကြ ၊ မထွက်ကြ ၊ ဆွံ့ ကြ အ,ကြဖြစ်ကုန်တာပေါ့ ။ ဥတုက ဖောက်တယ်လေ ။ ငါ့သား သမီးတို့  ဂျပန်နိုင်ငံကလည်း ပစိဖိတ်နိုင်ငံတစ်ခုဆိုတော့ပြီးခဲ့တဲ့ အယ်နီညိုရဲ့ဖောက်ပြန် မှုကိုအထိုက်အလျောက်ခံစား ရတဲ့နိုင်ငံမို့  ဥတုရောကောင်းပါရဲ့ လားလို့  အမေက မေးရတာ ။ အမေတို့ ဆီမှာ ဒီနှစ်ဆောင်းရာသီကို ရောက်လာပေမယ့် တော်တော်နဲ့ မချမ်းဘူး။ မချမ်းတော့ဆီးတွေ နှင်းတွေလည်း မကျဘူးပေါ့ ။
ရန်ကုန်ကလူတွေက ဒီဇင်ဘာထဲရောက်ပြီ ၊ ဆောင်းတွင်းကလည်း နေထွက်နောက်ကျပြီး နေဝင်စောတာကလွဲလို့ ချမ်းလည်း မချမ်းဘူးတဲ့ ။ အယ်နီညိုဆိုတဲ့ ဖောက်ပြန်တဲ့ ဥတုရာသီ ဖြစ်ပွားပြီးရင် သူ့  ညီမ လာနီညာဆိုတဲ့ ဥတုဖောက်ပြန်မှုတစ်ခု လာလိမ့်ဦးမယ် ။ သူကအယ်နီညိုနဲ့ ပြောင်းပြန် ၊ ပူနွေးခဲ့ရင် ချမ်းအေးလိမ့်မယ်လို့ ဆိုသလေ ။ ဘာတွေဖြစ်ဦးမယ် မသိဘူး
အမေတို့  လူဆိုတဲ့ သတ္တဝါကလည်း ပတ်ဝန်းကျင် အနေအထားအရပ်ရပ်မျာ နေလို့ ဖြစ်ရုံ ၊ အသက်ရှင် တည်နေနိုင်ရုံကလေး အသာမှေးပြီး ပြုမူနေထိုင်ကြရတာမဟုတ်လား ။ အဲ့ဒီတော့ ပတ်ဝန်းကျင် အနေအထား တစ်ခုခု သိပ်ပြောင်းလဲတယ်ဆိုရင် အဲ့ဒီအပြောင်းအလဲနဲ့ အညီ ပြုပြင်ပြီး ရှင်သန်ဖို့  လုပ်ကြရတယ် ။ ဒီလိုဖြစ်တဲ့အခါ ဆင်းရဲတဲ့ နိုင်ငံ ၊ ဆင်းရဲတဲ့လူတွေ တော်တော်ခံကြရတယ် ။ သိပ်ပြင်းထန်ရင် ချမ်းသာတဲ့ နိုင်ငံတွေလည်း ခံရတာပါပဲ ။ မလွယ်ပါဘူး ။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက ဒို့ စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်တာ အနှစ် (၂၀) ပြည့်တာမို့ အောက်မေ့ဖွယ်ဆုတောင်း အခမ်းအနားကလေး လုပ်မှာပါဆိုပြီး ကိုတင်အောင်ရဲ့ သားတစ်ယောက်ဖြစ်တဲ့ မောင်ဗဟိန်းအောင်က အမေ့ ကိုဖိတ်စာကလေးလာပို့ တယ်။ ဒါနဲ့  အမေက " သြော်-ကိုတင်အောင် ဆုံးတာ အနှစ် ( ၂၀ )ကြီးများတောင်ရှိသွားပကိုး" လို့ အောက်မေ့ရင်းနဲ့ ဦးလှ ထက် ကိုတင်အောင်က ( ၃ )နှစ်စောတာ ကိုလည်းသတိရလိုက်တယ်။ ကိုတင်အောင်ဆုံးတော့ ကိုယ်က ထောင်ထဲ ရောက်နေတာကိုလည်း သတိရလိုက်တယ်။ ပြီးတော့ မှ "သားရယ် အမေတော့ လာနိုင်မှာ မဟုတ်ဘူးနော်၊ခွင့်လွှတ်"  လို့ ပြောတော့ မောင်ဗဟိန်းအောင်က အမေလာဖို့ ဖိတ်တာမဟုတ်ပါဘူး ။ ကျွန်တော်တို့ က သတင်းပေးတာပါ ဆိုပြီး သူဝယ်လာတဲ့ သစ်သီးခြင်းကြီးနဲ့  အမေ့ကို ကန်တော့သွားတယ်။ အမေ့စိတ်ထဲ သတိရလို့ တွေးလိုက်မိရင် မကျေမချမ်းရှိရတဲ့ စာရေးဆရာနှစ်ယောက်ရှိတယ်။ ကိုတင်အောင်နဲ့ ကိုမြသန်းတို့ ပေါ့ ။
စာရေးဆရာဗန်းမော်တင်အောင်ဆိုပြီးပေါ်လာ ၊ သူ့ စာတွေထွက်လာတော့ လူငယ်လူရွယ်တွေရဲ့ လောကမှာ ကိုတင်အောင်က သိပ်ကို မြန်မြန်ကြီး ပေါ်ပြူလာဖြစ်လာတယ်။စာရေးဆရာတစ်ယောက်ကို လူလတ်လူငယ်တွေ အရူးအမူးအကြိုက်ခံရတဲ့ စာရေးဆရာ များများမရှိဘူး။အမေတွေ့ ဖူးသလောက် ကိုတင်အောင်တစ်ယောက်ပဲရှိပါ
ဘာတို့ ဆိုတာ လူငယ်တွေရေးတဲ့စာတွေထဲ ပါတာပေါ့။ ကိုတင်အောင်စတိုင်လ်တဲ့လေ။ ကိုတင်အောင်ရဲ့ ဇါတ်လိုက်က ဆေးတံသောက်တယ်ဆိုလို့  ဆေးတံသောက်ပြီး သူ့ ဇါတ်လိုက်ပုံဖမ်းကြသူတွေကလည်းမနည်း။ တကယ်လို့ များ ကိုတင်အောင် လွတ်လွတ်လပ်လပ်ရေးခွင့်ရလို့ ရေးသွားရမယ်ဆိုရင်သူနဲ့ သူ့ စာဖတ်ပရိတ်သတ် ဘာတွေဖြစ်ကြဦးမယ်တောင် မပြောတတ်ပါဘူး။ကိုတင်အောင်ဟာ လူငယ်တွေအပေါ် ဒါလောက် သြဇာကြီးပါတယ်။
ဒါပေမယ့် ကိုတင်အောင်ခမျာ သူ့ စာရေးသက်နဲ့ သူ့ ကိုဖမ်းဆီးပြီး ထောင်ထဲထည့်ထားတဲ့ ထောင်သက်နဲ့ ယှဉ်ကြည့်မိတိုင်း
နှမျောမဆုံးဖြစ်မိပါရဲ့ သူ့ မှာအမေ့ခင်ပွန်း လူထုဦးလှ နဲ့ လည်း ထောင်ထဲအတူ နေဖူးလိုက်တာပဲ၊ဗိုလ်တထောင် အယ်ဒီတာ ဗိုလ်ထိန်ဝင်းတို့ နဲ့ လည်း ထောင်ထဲအတူတူ နေဖူးလိုက်တာပဲ။ လေထီး ဦးအုန်းမောင် တို့ နဲ့ လည်း ထောင်ထဲ အကြာကြီးဆုံဖူးတာပဲ။ကိုတင်အောင် တစ်ယောက် အပြင်မှာနေရတယ်လို့  တယ်မရှိဘူး။
ကိုတင်အောင် သေသွားတော့ အမေကအပြင်မှာမရှိဘူး၊ မသိဘူး ၊ အပြင်ရောက်လာမှ နောက်မှသိရတာ။
သိတော့ စာတွေသိပ်ရေးနိုင်တဲ့လူ ၊ သိပ်ရေးစွမ်းရှိတဲ့လူ ၊ နို့ ပေမယ့် သူ့ ခမျာရေးရတယ်မရှိဘူး ၊ အဖမ်းအဆီး
အချုပ်အနှောင်နဲ့ ပဲ နှစ်တွေအများကြီးနေသွားရတဲ့လူဆိုပြီး သူသေဆုံးစက မကျေနပ်ဘူး ။ပြီးတော့တစ်ခါ သူ့ 
လောက်လူကြိုက်များတဲ့ စာရေးဆရာတယောက်သေသွားလို့ မှ သူ့ အကြောင်း လွမ်းလွမ်းဆွတ်ဆွတ် ရေးခွင့်မရ
လေခြင်း ၊ ယနေ့ ထက်တိုင် ရွက်ပုန်းသီးလုပ်နေရလေခြင်းလို့ လည်း တနုံ့ နုံ့  မကျေမနပ်ဖြစ်ရပြန်တယ် ။အမေတို့ 
ဗမာစကားမယ် လူဆိုတာရှင် တစ်ကံ သေတစ်ကံတဲ့လေလို့ ၊ လူတန်တော့ ကံချလိုက်မှ စိတ်ထဲနည်းနည်း ခံသာတယ် ။
မြသန်းတင့် နဲ့  ပတ်သတ်လို့ လည်း အမေ့ရင်ထဲ မကျေနပ်တာတွေရှိပါသေးတယ်။ ကိုမြသန်း ဟာ ရေး
အားအင်မတန် ကောင်းတဲ့လူပါ။ အမေတွေ့ ဖူးတဲ့ သိတဲ့ စာရေးဆရာတွေထဲမှာ ကိုမြသန်း လိုရေးနိုင်တဲ့ လူမရှိပါ
ဘူး။ ဒါပေမယ့် သူ့ ခမျာ သူများရေးတာတွေ ၊ ဘာသာပြန်ရတာနဲ့  အချိန်ကုန်သွားရှာရတယ် ။သူဘာသာပြန်တာ
တွေ ကောင်းတယ်မှုတ်လား ။ စာဖတ်သူတွေ အကျိုးရှိတယ် မှုတ်လား ၊ ဂန္တဝင်ဝတ္ထုရှည် ကြီးတွေသူဘာသာပြန်
သွားပေလို့ ပဲ ၊ ဘယ်လောက်တန်ဖိုးရှိသလဲလို့  မေးစရာ ပြောစရာရှိပါတယ်။ ဒီလိုမေးရင် ဟုတ်ပါတယ် ၊ ကောင်း
ပါတယ် ၊ အဖိုးတန်ပါတယ်လို့ ပဲဖြေရမှာပါ။
ဒါပေမယ့် အမေ့ရင်ထဲမှာ ကိုမြသန်းဟာ “ဓါးတောင်ကိုကျော် ၍ မီးပင်လယ်ကို ဖြတ်မည်”ဆိုတဲ့ ကိုယ်ပိုင်
ရေးဝတ္ထု ၊ဂန္တဝင်မှာ ရှိနေရစ်မယ့် ဝတ္ထုမျိုးတစ်ပုဒ်မက အများကြီးရေးနိုင်စွမ်းတဲ့ စာရေးဆရာ၊ အဲ့ဒါမျိုးတွေ ရေးမ
သွားရပဲ အန္တရာယ်ကင်းဘေးရှင်းဆိုပြီး သူများရေးသွားတာတွေ ဘာသာပြန်ပြရင်းနဲ့ သူ့ အချိန်တွေ ကုန်ဆုံးသွားရ
ရှာတယ် ဆိုပြီးနှမြောနေတာပါ။ သူ့ အသက် ဒီ့ထက်ရှည်ရင်လည်း သူရေးချင်တာတွေရေးဖို့  အချိန်တွေရချင်ရလာ
မှာပေါ့။ ခုတော့ အမေတို့ မန္တလေးက မောင်စောလွင် (တက္ကသိုလ် စောလွင်) လိုပဲ မသေသင့်ပဲ သေရတာ ၊
ဒါကြောင့်ရင်ထဲ ဖြစ်ရလေခြင်းလို့  အမြဲတမ်း အောက်မေ့မိတယ်။
ကိုမြသန်း သေသွားတော့ ကိုတင်အောင်လိုတော့ မဟုတ်ဘူး ၊ သူ့ အကြောင်း ၊ သူ့ ကိုနှမြောပုံတွေ စာနယ်ဇင်းတွေမှာ တော်တော်ရေးကြပါတယ်။ဝမ်းသာစရာပါပဲ ။ဒါပေမယ့် ကိုမြသန်း ဘယ်လိုလူဆိုတာကိုတော့ အပြည့် အဝ သိတဲ့လူက နည်းနည်းရယ် ။
ကိုတင်အောင် နဲ့  ကိုမြသန်းတို့ သေတာနှစ် ( ၂၀ )ကွာခြားကြပေမယ့် ရေးချင်ရာ မရေးရတာ ၊ ရေးနိုင်
ကဲ ငါ့သား ငါ့သမီးတို့  အစစအဆင်ပြေကြပါစေ။ လိုအင်ဆန္နပြည့်ဝကြပါစေ။
အမေ လူထု ဒေါ်အမာ
ရွှေမော်ကွန်း ၁၉၉၉ခုနှစ်၊ မတ်လထုတ် အမှတ်၂၁
အမေ့အမှတ်တရ စာတွေအဖြစ်ေ၇ွှမော်ကွန်းမှာ ပြန်ပြောင်းတင်ပေးသွားပါ့မယ်။ ပြည်တွင်းက အထင်ကရ စာရေးဆရာကြီးတွေဖြစ်တဲ့ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ဒေါ်အမာ၊ ပါရဂူ၊ ဒေါက်တာသန်းထွန်း၊ လင်းယုန်မောင်မောင်၊ အံ့မောင်၊ မြသန်းတင့်၊ အောင်သင်း၊ မောင်စွမ်းရည်၊ တင်မိုး၊ အောင်ဝေး၊ တို့နှင့် စာရေးဆရာ၊ဆရာမ တွေရဲ့ တန်ဖိုးဖြတ်မရမရတဲ့ စာကောင်းပေမွန်တွေကို ရွှေမော်ကွန်းမှာ အသုံးပြုခဲ့တာဖြစ်လို့  စာဖတ်သူမိတ်ဆွေတွေကို ပြန်လည်ဖော်ပြပေးသွားမှာဖြစ်သလို အသစ်တွေကိုလည်း ဖော်ပြပေးသွားနိုင်အောင် ကြိုးစားပေးသွားပါ့မယ်။
အမေလူထုဒေါ်အမာဟာ ပြည်တွင်းကသားသမီးတွေကိုမှချစ်တာမဟုတ်ပါဘူး၊ ပြည်ပတိုင်းတစ်ပါး ရေခြားမြေခြားရောက်နေကြရှာတဲ့ အိမ်မပြန်နိုင်ကြတဲ့ သားသမီးတွေ အပေါ်မှာလည်း အမြဲ စိုးရိမ်ပူပန်မူတွေနဲ့ နောက်ဆုံး ဆုံးပါးကွယ်လွန်သွားသည်အထိ ချစ်ခြင်းမေတ္တာတရားတွေ အပြည့်ပေးခဲ့သူပါ။
လူထုကချစ်တဲ့ လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့နံနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။
0 comments:
Post a Comment
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More