Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

လူ အရည်ပျော်

လူအရည်ပျော်

မဖြစ်နိုင်ဘူး.. မဖြစ်သင့်ဘူး
ဘယ်သူမှလည်း ဖြစ်ချင်ကြမှာ မဟုတ်ဘူး…
လူက လူတွေကို အရည်ဖျော်ချတာမျိုး
သိန်းပေါင်းများစွာကို မိနစ်ပိုင်း နာရီပိုင်းအတွင်း
မီးလောင်မြိုက် ပစ်လိုက်တာမျိုး…


စစ်ပွဲဟာမဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို ဖယ်ရှားတယ်
မဖြစ်သင့်ဘူး ဆိုတဲ့ တရားကို မေ့ထားတယ်…
နာဂါစကီ… ဟီရိုရှီးမား သြဂုတ်လ ထဲက ရက်တွေမှာ
လူတွေ အရည်ပျော်ကြလို့
လူတွေ မီးမြိုက်ခံရလို့
အဏုမြူ..
စွမ်းအင်လို့ မမြင်ခင် စစ်အင် အားလို့သုံးတယ်…
လူဟာ လူအတွက်လည်း ရက်စက်မှုကို တီထွင်တတ်ခဲ့…
လူ အရည်ပျော်တွေ ကြားမှာ
စစ်ပွဲဟာ မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို ဖယ်ရှား
မဖြစ်သင့်ဘူး ဆိုတဲ့ တရားကို မေ့ထားဆဲ…။

မိုးလှိုင်ည
၂၀၁၂ ခုနှစ်၊ သြဂက်(စ်)လ  ( ၆ ) ရက် ဟီရိုရှိမား နဲ့ နဂစကီမြို့ အဏုမြုဗုံး ပေါက်ကွဲခံရတဲ့  ၆၇  နှစ်ပြည့် အမှတ်တရ
Photo  Source: http://asiancorrespondent.com
အဏုမြုဗုံး ဒဏ်ကြောင့် သေဆုံးသွား သူများအတွက် ဆုတောင်း ဝတ်ပြုမူ ပြုလုပ်နေပုံ ~

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More