Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ကြယ်သီးတွေ ပြုတ်နေလို့




အဲဒီ အင်္ကျီကို ကြိုက်ကြိုက် မချစ်ချစ်
တူညီဝတ်စုံဆိုတော့လည်း ၀တ်မှာ ၀ဋ်ပေါ့
ပွတဲ့ နေရာ ပွ ၊ ကျပ်တဲ့ နေရာ ကျပ်

ချုပ်ရိုးများက ကြိုးနီတွေ
ကြယ်သီးတွေက
ဟို တပ်  ဒီ တပ် ၊  ဟိုပြုတ် ဒီပြုတ်
နှလုံးသားကို အအေး ခန ခန မိလို့
ခန ခန ဖျားနာပေမယ့် နားရက် က မရှိ
ဆေးမြီးတိုပဲ ရှိပါတယ်
ကံ ကြောင့်လား ၊ အကြံ ကြောင့်လား
ကိုယ့် ကိုယ်တိုင်းနဲ့ ကိုယ်
လွတ်လွတ်လပ်လပ် ငေးမျှော်
စက်ဆရာ နဲ့ စက်တို့ အဆင်သင့် ဖြစ်တဲ့အခါ
အဖြူရောင်ကြိုးကို သုံးဖို့ ဆွေးနွေးပါမယ်
ရက္ကန်းမှာ စံနှုန်းပြည့် ရက်လုပ်နိုင်ပါစေ
လုံချည်ကို ခိုင်ခိုင်ချည်ရင်း စောင့်ရမှာပါ
လောလောဆယ် ကြားချင်တဲ့ သတင်းက
ဝါခင်းတွေ ရေတော် မိုးတော် ဖြစ်ရဲ့လား ဆိုတာ ...   ... ။


ငြိမ်းစိုးဦး
( Sept ; 3 ; 2011 )

 

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More