Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

မနက်မိုးလင်းကတည်းက ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရ..




လူပြောသူပြောများသလို
ကားလမ်းတွေပိတ်နေတာ
ဖုန်းလိုင်းတွေမမိတာကအစ
ရုံးရောက်ရင် ကော်နက်ရှင်ကျနေတာအဆုံး



လုပ်ငန်းတစ်ခုတည်ထောင်ဖို့ အရှုံးတွေနဲ့စရသလို
ဘ၀တစ်ခုထူထောင်ဖို့ အရှုံးတွေနဲ့စရတယ်
စရိတ်စကတွေကြီးမြင့်လာသလို
အကြမ်းဖက်မှုတွေကို ထိတ်လန့်နေရတုန်း
အခွန်အခတွေတိုးကောက်…

လိုငွေပြမှုတွေက လောဘကိုမြင့်တက်ရပြီး
လိုအပ်တဲ့မာနတွေအတွက် ကြွားဝါမှုနဲ့ခြိမ်းခြောက်ခံရ
ဘယ်လို ဘ၀ထဲမှခြေစုံပစ်ဝင်မိခဲ့သလဲ
ပညာတတ်ဖို့အတွက် လိုအပ်တဲ့စရိတ်စကဟာ
ဘ၀ပျက်လုခမန်း တန်ဖိုးကြီးခဲ့တယ်
ပညာတတ်လိုသူတွေများတော့
ပညာအတုယောင် ပညာဆင်တူရိုးမှား
ပညာဖြင့် ကလိန်ကျနည်း….
အဲဒါတွေကလည်း တနည်းနည်းနဲ့ ခြိမ်းခြောက်နေတာပဲ..။

မိုးလင်းကတည်းက
ကြွေးဟောင်းတွေ ပြန်ဆပ်ဖို့
ကြွေးသစ်တွေထပ်ချဖို့
ကြွေးဆိုးတွေလျှော်ပစ်ဖို့
ဘဏ်သူဠေးတစ်ယောက်လိုတွေးခေါ်နေတုန်း….

တချို့အခြေအနေတွေကျတော့
အတင်းအကျပ်ဖိအားပေးနှုတ်ထွက်ခိုင်းတာမျိုး
ဒီလောကထဲကထွက်သွား
ဒီလောကထဲကထွက်သွား
ကင်ဆာလိုလို၊ တီဘီလိုလို၊ ဦးနှောက်ကိုလေဖြတ်သလို
အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသလိုလို…

မလွယ်ကျောပဲ
တစ်နေ့တစ်နေ့
ခြိမ်းခြောက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ ဘ၀ကရှင်လျက်..။

မိုးလှိုင်ည

 

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More