၂၀၁၁ ခုနှစ်၊
စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်ကို
လွှင့်တင်ခဲ့ကြပါတယ်..။ပြည်ပရောက် စာပေမြတ်နိုးသူများနှင့်
ပူးပေါင်းလက်တွဲရင်း ဆက်လက် ရွက်လွှင့် ချီတက်နေလျှက်ပါ..။
မိမိတို့ အွန်လိုင်း
စာမျက်နှာမှာ ၂၀၀၇ ခုနှစ် နောက်ပိုင်း အားကောင်း မောင်းသန်ဖြစ်လာသော
မြန်မာ့ဘလောဂ် စာမျက်နှာများ၌ စာရေးခြင်းကိုခုံမင် တပ်မက်သည့် ဘလောဂ္ဂါများ၏
စာများ၊ပြည်တွင်း စာပေလောကမှ စာရေးဆရာများ၏ စာပေများကို လေ့လာ ဖတ်ရှု့စရာ
နေရာတစ်ခုအဖြစ် ရှိနေစေခြင်းငှာ ရပ်တည်ခဲ့ကြတာပါ။
အွန်လိုင်း
စာပန်းခင်း တစ်ခုအဖြစ် ဆင့်ပွားထားခြင်းမျိုးသာဖြစ်ပါတယ်..။ ဥတုရာသီ
ချိန်ခါ မညီသော၊ နေရပ်ဋ္ဌာနေ မတူကွဲပြားသည့် စာပေ ချစ်သူများဖြင့် ရသစုံ
စီစဉ်တင်ဆက်ခြင်း ဖြစ်ပါ၍ အမှားအယွင်းများ ပါရှိခဲ့သည့် အခါများလည်း
ရှိခဲ့မှာပါ။ ထိုအရာမျိုး ရှိခဲ့ခြင်းကိုလည်း စာဖတ်သူတို့ နားလည်
ပေးနိုင်မည်ဟု ထင်မြင်မိပါသည်။ မိခင်ဘာသာမြန်မာစာပေ၏ ကဏ္ဍများစွာထဲသို့
အပိုင်းအစလေး တစ်ခုအဖြစ်မြူတစ်မှုံ နှမ်းတစ်စေ့ စာလေးမျှ ကွက်လပ်
ဖြည့်စွက်ကာ ပါဝင်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။
ရွှေဒေါင်းတောင်၏
စာဖတ် ပရိတ်သတ်များ၊ ဝိုင်းဝန်းကူညီ ကြသည့်ပြည်တွင်းပြည်ပမှ
စာရေးဆရာများ၊ ဘလောဂါများ၊ သတင်းဂျာနယ်လစ်များ၊ ဒီဇိုင်းနာများ၊
ကိုးကားခွင်ပြုသည့် မူပိုင်ရှင်များအား ကျေးဇူး အထူးတင်ရှိပါတယ်.။
ဤနှစ်သစ်ကူး
မင်္ဂလာရှိသော အခါသမယ၌ အမိမြန်မာပြည်နှင့်အတူ ကမ္ဘာ အရပ်ရပ်မှ မြန်မာပြည်သူ
ပြည်သားအပေါင်း ဘေးဘယာ ဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကာ
လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံနိုင်စေကြောင်း ရွှေဒေါင်းတောင်
အွန်လိုင်းဂျာနယ်မှ နှစ်ဦး ဆုမွန်အဖြစ် တောင်းဆုမေတ္တာ ပို့သလိုက်ပါတယ်..။
ရွှေဒေါင်းတောင် ဝိုင်းတော်သူ ဝိုင်းတော်သားများ
0 comments:
Post a Comment