Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ရှည်လျားခဲ့ ညတာများ



ညတာတို့ ရှည်ခဲ့တယ်
အမှောင်ရဲ့ တနံတလျား
ညငှက်ဆိုးတွေသာ ကျက်စားလို့။

ညတာတို့ ရှည်ခဲ့တယ်
အမိုက်မှောင်ရဲ့ ကြမ်းပြင်မှာ
အဆိပ်ပန်းတွေဟာ အပြိုင်းအရိုင်းပွင့်။

ညတာတို့ ရှည်ခဲ့တယ်
အဲဒီ့ သားရဲမြှူသံတွေ ပြည့်သိပ်လို့
ခွေးအူသံတချို့နဲ့ အဖွင့်ဟာ
မလှုပ်သာမယှက်သာ ချွေးစေးကျ။

ညတာတို့ ရှည်ခဲ့တယ်
မျှော်လင့်ချက်တစ်စနဲ့ ယိမ်းကတဲ့ လက်မှာ
စွန်းကပ် စေးထန်း
အသက်ပြင်းရှိုက်သံတွေ တင်းကြမ်းမို့။

ဒီလိုနဲ့ ...
ညတာတို့ ရှည်ခဲ့ကြတယ်
အရှေ့ဦးမှာ ရောင်နီစ ငါတို့ ခပ်ပျပျ မြင်ရပြီ
အားစိုက်လို့ အပြင်းလှော်ခတ်
ညအမိုက်တချို့ အလျဉ်းကျော်ဖြတ်ဖို့
ငါတို့ လက်တွေ ညီညာ ဆင့်ပွား
ငါတို့ မာန်တွေ ချီကာ ဝင့်ထားစို့ရဲ့လေ။ ။


အိပ်မက်ရှင်
1242 AM
26 November 2001

 

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More