
လက်သည်း ဟု ရေးထားလျှင် ခြေသည်း ကိုလည်း
တစ်ပေါင်းတည်း ဆိုလိုပါတယ်။ လက်သည်း (ခြေသည်း) ဆိုတာ သင်တို့ ခန္ဓာကိုယ် ရဲ့
အလှအပ တစ်ခု အဖြစ် အသုံးချလို့လဲရပါတယ်။
အထူးသဖြင့် အမျိုးသမီး တွေ ဟာ သူတို့ရဲ့
ခြေသည်း၊ လက်သည်း တွေကို အလှအပ တစ်ခုအနေနဲ့ပြင်ဆင်ရတာ ကို သဘောကျတတ်ပြီး
တစ်ခါတစ်လေ မှာတော့ သူတို့ဟာ လက်သည်း ခြေသည်းတွေ ကို အရောင်တွေ ဆိုး၍
အလှပြင်ခြင်း ၊ လက်သည်းမှာအလှပုံတွေ ဖော်ခြင်း (Nail Art) နဲ့ တခြား
ပြင်ဆင်မှုတွေ (ဥပမာ - လက်သည်း ကို ဖောက်ပြီး အလှဆွဲ လေးတွေ တပ်တာ) တွေ
လုပ်ကြလေ့ရှိပါတယ်။
ဒီလို အလှအပ တွေ နဲ့ နည်းလမ်းမျိုးစုံ
ပြင်ဆင်လို့ ရတဲ့ အပြင် လက်သည်း ခြေသည်း တွေဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး
အခြေအနေ ကို လဲ တစ်နည်း တစ်ဖုံ ပေးနေတယ်ဆိုတာ အတိအကျ သိရှိသူ မရှိသလောက်ပါ။
လက်သည်းတွေ ဟာ တစ်ကယ်တော့ ခန္ဓာကိုယ် ရဲ့ သဘာဝ ကပေးထားတဲ့ ဆရာဝန်ရဲ့
နားကျပ်တွေ (Stethoscope) ပါပဲ။ သွေးဖောက်စစ်ခြင်း ၊ ဆီးစစ်ခြင်း နဲ့
ဝမ်းစစ်ခြင်း တို့လိုပဲ လက်သည်းတွေ ကနေ ပြီးတော့ ခန္ဓာကိုယ်မှာ အချို့သော
ရောဂါတွေ ဖြစ်မဖြစ် သိရှိနိုင်ပါသည်။
လက်သည်းရဲ့ အရောင်တွေဟာ တစ်ခါတစ်ရံမှာ
ပြောင်းလဲ သွားတတ်ကြပါတယ်။ အဲဒီလိုပြောင်းလည်းသွားခြင်းဟာ ခန္ဓာကိုယ်မှာ
ရောဂါတစ်ခုခုဖြစ်နေတဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်တယ်ဆိုတာကို
သတိပြုအလေးထားသင့်ပါတယ်။ လက်သည်းရဲ့ အဓိက တာဝန်က ပျော့ပျောင်းတဲ့
လက်ထိပ်လေးတွေ ကို ကာကွယ်ဖို့ဖြစ်ပြီး လက်သည်းအခြေ မှာရှိတဲ့ အရစ်ကလေး
တွေက လက်သည်းတွေ ကို ကျွတ်မထွက်သွားအောင် ကာကွယ်ပေးတတ်တဲပသဘောပါ။
ပုံမှန်အားဖြင့်ဆိုရင်တော့ လက်သည်းတွေ ဟာ
နီမြန်းတဲ့ အရောင် ရှိနေတတ်ပြီး တစ်ကယ်တမ်းမှာတော့ သင့်ရဲ လက်သည်း က
နီနေတာတော့ မဟုတ်ပါဘူး။ လက်သည်းအောက်မှာ ရှိနေတဲ့ သွေးကြောမျှင်ကလေးတွေ ဟာ
အလွန်အင်မတန် များပြားလွန်းတဲ့ အတွက် သူတို့ရဲ့ အရောင် က လက်သည်းကို
လွှမ်းပြီး နီတယ်လို့ထင်ရတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် များပြားလှတဲ့
အခြေအနေ တွေ က နေပြီးတော့ လက်သည်းတွေ ရဲ့ အရောင်နဲ့ ပုံသဏ္ဍာန်ကို
ပြောင်းလဲစေပါတယ်။
ဥပမာ အနေ နဲ့ ပြောရမယ်ဆိုရင် -
လက်သည်းပေါ်ကို လေးလံတဲ့ အရာ သို့မဟုတ် အရှိန်ပြင်းပြင်းနဲ့ လက်သည်းကို
ထိခိုက်မိတာမျိုး (တံခါးညှပ်တာ) အဲလိုမျိုးဖြစ်တယ်ဆိုရင် လက်သည်း ဟာ
ညိုမည်း လာပါလိမ့်မယ်။ (လက်သည်း ပုပ်တယ်လို့ လဲ ခေါ်ကြပါတယ်) - လက်သည်းနဲ့
သူ ကာကွယ်ထားတဲ့ အောက်ခြေ အသားဟာ နည်းနည်းလေး ဟ နေ တာ ကြောင့် တစ်ခါတစ်လေ
ရေတွေ ဘာတွေ ၀င်အောင်းနေတတ်ပြီး ခြေထောက်မှာတော့ ပိုအဖြစ်များတတ်ကြပါတယ်။
အဲလို ရေ၀င်နေတာကြောင့် မှိုရောဂါ တွေ
ဖြစ်တတ်စေသလို၊- လက်သည်းကို ထိခိုက်ဒဏ်ရာရစေရင် လက်သည်းမှာ မညိုမည်းသွားဘူး
ဆိုရင်တောင် အဖြူစက်လေးတွေ ၊ အဖြူရောင်မျဉ်းလေး တွေ ပေါ်လာတာ မျိုးတွေလဲ
ဖြစ်တတ်ပါတယ်။
လက်သည်းက နေ ရောဂါရှာဖွေခြင်းကို
ဟိုးရှေးပဝေသဏီ အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီး ဟစ်ပိုခရေးတီး
(Hippocrates) လက်ထက်ကနေ စတင်ပြီးလုပ်ခဲ့ကြတာဖြစ်တယ်လို့
ဆးပညာသမိုင်းတွေမှာ လေ့လာတွေ့ရှိရပြီး ၊
ဘယ်လိုရောဂါတွေကို ရှာဖွေလို့ရသလဲ လို့ ဆိုရင်တော့....
၁။ လက်သည်းက ပြာနေတယ်ဆိုရင် သွေးလှည့်ပတ်မှု မှာ ပြဿနာ တစ်ခုခုရှိနေပြီ။ နှလုံးရောဂါ ဖြစ်ဖို့ များတယ်။
၂။ လက်သည်း ရဲ့ တစ်ဝက် က ပန်းရောင်လေး
ဖြစ်နေမယ် ဒါမှမဟုတ် အညိုရောင်လေး ဖြစ်နေတယ် ၊ ကျန်တာ က အဖြူရောင်
ပြေးနေတယ်ဆိုရင်တော့ ဒါက ကျောက်ကပ်ရောဂါ ဖြစ်ဖို့ များတယ်။
၃။ လက်သည်းရဲ့ အရောင် က မွဲခြောက်ခြောက်
ဖြစ်နေမယ်။ အလျားလိုက် လှိုင်းလေးတွေလဲ ပေါ်နေတယ်ဆိုရင်တော့ ဒါက
အာဟာရချို့တဲ့ခြင်း ၊ ၀က်သက်ပေါက်ခြင်း ၊ ကျောက်ပေါက်ခြင်း နဲ့
ပါးချိပ်ယောင်ခြင်းတို့ ကို ညွှန်ပြတယ်။
၎။ လက်သည်းရဲ့ အောက်မှာ အနီရောင်
အလျားလိုက် မျဉ်းလေးတွေ ပေါ်နေရင် လက်သည်းအောက်မှာ သွေးယိုနေတာ ကိုပြတယ်။
အနီရောင်း မျဉ်းက ၂ ထပ်ဖြစ်နေခဲ့ရင်တော့ သွေးတိုးနေတယ်လို့
ပြောလို့ရတယ်လို့ ဆိုပါတယ်။
၅။ လက်သည်းက ၀ါနေခဲ့ရင်တော့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါ များလားလို့ တွေးကြည့်နိုင်ပါတယ်။
၆။ ထိခိုက်မိခြင်း မရှိဘဲ
ညိုမည်းပုပ်နေတဲ့လက်သည်း ကိုတွေ့ရင်တော့ အရေပြားကင်ဆာ ဖြစ်နေမလားပေါ့။
ဘာလို့လဲ ဆိုတော့ Melanoma ဆိုတဲ့ အရေပြားကင်ဆာ တစ်မျိုးက လက်သည်းကို
မည်းစေတယ်လေ။ ၇။ လက်ခလည် လက်သည်းမှာ လခြမ်းပုံအ၀ိုင်းကွေးလေး
တွေ့ခဲ့မယ်ဆိုရင် ဒီလူ ဟာ စိတ်ကယောက်ကယက် ဖြစ်နေတာ ၊ ခန္ဓာကိုယ် အတွင်း က
အင်္ဂါတွေ အလုပ်မလုပ်တာလား၊ ကောင်းကောင်းမအိပ်နိုင်တာလား ၊ ခဏ ခဏ
ခေါင်းကိုက်တတ်သလား ဆိုတာ သာ မေးလိုက်ကြည့်ပါ။
၈။ အဲလို လခြမ်းပုံ အ၀ိုင်းကွေးလေးဟာ
လက်ညိုး လက်သည်း မှာတွေ့ခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း က
ကောင်းကောင်း အလုပ်မလုပ်ဘူးပေါ့။
၉။ အဲဒီ လခြမ်းလေး ကို လက်သူကြွယ်မှာ တွေ့ခဲ့မယ်ဆိုရင် အမျိုးသမီးများမှာ ရာသီ မမှန်ခြင်းကို ဖော်ပြနေတယ်။
၁၀။ လခြမ်းလေး က လက်သန်းမှာ ရှိမယ်ဆိုရင်
သင့်နှလုံးသားလေး ပင်ပန်းနေတာ ကို ပြသနေတာပါ။ ဒီလောက်ဆိုရင် လက်သည်းလေးတွေ က
သင့်အတွက် ကျန်းမာရေး သတိတွေကို ဘယ်လိုပေးနေသလဲ ဆိုတာ သိပြီပေါ့နော်။ အဲ
တကယ်လို့ သင့်လက်သည်းတွေကို ဖိကြည့် ၊ ပြီး ပြန်လွှတ်ချက်ချင်း ရဲတက်လာသလား။
ရဲတက်လာတယ်ဆိုရင် သင့်ရဲ့ သွေးလှည့်ပတ်မှုကလည်းကောင်း ၊ ကိုယ်တွင်း
အင်္ဂါတွေလဲ ကောင်းနေပါသေးတယ်ဆိုတဲ့ အကြောင်း ........။ ။
Dr. ဇီဝက ( ဆေးလောက )
0 comments:
Post a Comment