အဲဒီနေ့က သောကြာနေ့။ မှတ်မှတ်ရရ သောကြာနေ့ညနေ ရုံးကအပြန်။
ကျွန်မအိမ်အပြန်လမ်းတစ်လျှောက် ပေါ့ပါးတဲ့စိတ်တွေနဲ့ လွင့်မျောနေကျအတိုင်း
လွင့်လို့။ တစ်ပတ်တော့ ပြီးပြန်ပေါ့ဆိုတဲ့ စိတ်လက်ပေါ့ပါ့းမှုတွေက လူကို
မောင်းနှင်လို့။ လမ်းပေါ်မှာ ကြွေရွက်လေးတစ်ရွက် အမှတ်မဲ့ တွေ့လိုက်မိတယ်။
အရောင်လေးက အ၀ါအညိုရောထားလျက်က စိမ်းဝါရောင်လေးသမ်းလို့။ သိတ်မနွမ်း
မခြောက်သေးဘဲ ဘာလို့များ ကြွေရှာပါလိမ့်။ ရုတ်တရက် အရွက်ကလေးဟာ ကျွန်မကို
လာငြိနေသလို ခံစားလိုက်ရတယ်။ ဒါနဲ့ပဲ အရွက်ကလေးကို အသာအယာကောက်ပြီး
လက်ကကိုင်လာခဲ့လိုက်တယ်။
အိမ်ရောက်တော့ ကျွန်မစားပွဲပေါ်တင်ထားရာက လေတိုက်ရင် လွင့်သွားမှာစိုးတာနဲ့ လေကာရာဘက် ရွှေ့ထားလိုက်မိတယ်။
နောက်တစ်နေ့ မိုးလင်းတော့ အရွက်လေးက နိုးနေခဲ့ပြီ။ တစ်ညတာအချိန်ဟာ သူ့ကို
ပိုမိုရင့်ရော်စေခဲ့သလိုပဲ၊ သူဟာ နွမ်းခြောက်သွားခဲ့ပြီ။ ကျွန်မ သူ့ကို
ကြည့်ရင်း ဓါတ်ပုံရိုက်ချင်လာတယ်။ အဲဒါ ခုတွေ့နေရတဲ့
ဓါတ်ပုံလေးဖြစ်လာစေခဲ့တဲ့ အကြောင်းပါပဲ။ သူက ခု တွေ့နေရသလို ခြောက်သွေ့လှပ
ရင့်ကျက်မှုအလှတွေနဲ့.....
ပုံရိပ်အနုပညာ ခံစားတင်ပြသူ
ချစ်ကြည်အေး
ရင့်ကျက်မှုအလှ
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
0 comments:
Post a Comment