Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

နန္ဒသိန်းဇံ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ခဲ့ပြီ


စာရေးဆရာကြီး နန္ဒသိန်းဇံ ၂၀၁၁ခုနှစ် သြဂုတ်လ၊ ၁၄ ရက်( တနင်္ဂနွေနေ့ ) တွင် ကွယ်လွန်သွားခဲ့သည်။ ၂၀၁၂ခုနှစ်၊ သြဂုတ်လ၊ ၁၄ ရက်နေ့တွင် ဆရာကြီးဆုံးပါးသွားသည်မှာ တစ်နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်ပါသည်။

အတွေးအခေါ် စာပေများနှင့် ဒဿနစာပေများကို ရေးသားပြုစုခဲ့ပြီး လူငယ်များ၏ အတွေးအခေါ်များတိုးတက် ကျယ်ပြန့်လာအောင် ရှေ့ဆောင်လမ်းပြခဲ့သူဖြစ်သည်။ ဆရာကြီး နန္ဒသိန်းဇံ၏ ငယ်အမည်ရင်းဖြစ်သော “သိန်းဇံ” ဖြင့်ပင်ရေးသားသော ၁၉၆၃ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်း (အတွဲ - ၁၊ အမှတ် - ၄) တွင် “မှတ်ဥာဏ်နှင့် အတွေးအခေါ်” ဆောင်းပါးမှာ ပုံနှိပ်ဖော်ပြ ခြင်းခံရသည်။
မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းကို ''ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ'' အမည်ဖြင့် ၁၉၆၉ ခုနှစ်တွင် လုံးချင်းအဖြစ် ထုတ်ဝေခဲ့သည်။ ကလောင်အမည်တူ ရှိနေသည့်အတွက် နောက်ပိုင်းတွင် “နန္ဒသိန်းဇံ”ဟုပြောင်းလဲခံယူခဲ့ပြီး ဘ၀ဒဿနများနှင့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို ကွယ်လွန်ချိန်အထိရေးသားသွားခဲ့သည်။ ဆရာကြီး နန္ဒသိန်းဇံ ကွယ်လွန်သွားခြင်းသည် မြန်မာ့စာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်တော့သည်။

Written by ကမာနီလာ Tuesday, 14 August 2012 16:40 

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More