ဓာတ်ပုံ Sasori jp
မျိုးနွယ်စုတစ်စုရဲ့ ဒုတိယသားတစ်ယောက်သည်
တစ်ခြားမျိုးနွယ်စုတွေကိုစိတ်ဝင်စား နေတတ်တာ ကိုက ကျွန်မ သိပ်နှစ်သက်ခဲ့ရသူ
ဖြစ်စေနိုင်ခဲ့ခြင်းဖြစ်သည်။
အဲဒီနေ့ရက်ကသာ မမလင်းခေါ်ရာ ကျွန်မ မလိုက်ဖြစ်ခဲ့လျှင် အဲဒီအချိန်ကသာ
ပိုးထည်ဆိုင်ကလေးကို မသွားဖြစ်ခဲ့လျှင် ဒီစောင့်မျှော်နေခဲ့ရတဲ့
ဇာတ်လမ်းကလေးလည်း ဖြစ်တည်လာခဲ့မှာ မပာုတ်ပါဘူး။
" မလေးရေ ဒီနေ့တော့မမကို အဆင်လေးလိုက်ရွေးပေးဖြစ်အောင် ရွေးပေးမှဖြစ်မယ်
" ဆိုသောစကားတခွန်းကြောင့်သာ ကျွန်မ လိုက်လာခဲ့ရခြင်းဖြစ်သည်။
ဆိုင်အတွင်းတွင် ညီအမနှစ်ယောက် ခါတိုင်းလိုပင် အေးအေးဆေးဆေး
ရွေးနေကြအတိုင်း ရွေးနေကြရင်း ကျွန်မလက်ထဲကိုင်ထားသော ပိုးထည်စလေး
လွတ်ကျသွားမတတ်ဖြစ်ခဲ့ရသော ( စကားသံ ) " ပျူခေတ်မှာ ပျူတွေပာာ
ပိုးအစစ်တွေကို ပါဏာတိပါတာကံ သိက္ခာပုဒ်နဲ့ ငြိစွန်းတာကြောင့်
မ၀တ်ခဲ့ကြဘူးဆိုသတဲ့…..
" ရင်ထဲသို့ တိုးတိတ်ညင်သာစွာ စီးဆင်းစေခဲ့သောအသံက နားအိမ်ထဲ စူးစူးနစ်နစ် ၀င်ရောက်လာခဲ့သည်။
သူနှင့်အတူပါလာသော အမျိုးသားတစ်ယောက်ကို ပြောသောစကားဖြစ်ပေမယ့် ကျွန်မ နှလုံးခုန်ခြင်းကို ရပ်တန့်စေနိုင်သော အသည်းရင်လှိုင်းခတ်သံ ။
ကျွန်မကလည်း မမကိုပြောသလိုလိုနှင့် ကျလက်ထဲက ပိုးပြာနုအစကလေးကိုကြည့်ရင်း "
အပြာရောင်ပာာလည်း ပျူခေတ်အမျိုးသမီးတွေ အ၀တ်များ ရေပန်းစားခဲ့တဲ့
အရောင်ပဲလေ" ပာုဆိုလိုက်သည့်အခါ ဆုံလိုက်ကြရသည့် မျက်ဝန်းနှစ်စုံကြား
ဖြာခနဲလက်သွားသည့် ငွေကြယ်ပွင့်လေးများစွာ များစွာပါပဲ။
ဖတ်ခဲ့ဖူးသည့် ကဗျာအပိုင်းအစကလေးကိုလည်း သတိတရဖြစ်မိသည်။ ဒါပာာ ရထားနှစ်စင်း မတော်တဆတိုက်မိတာ မပာုတ်ရပါဘူး။
မဆုံးနိုင်တဲ့လေထုထဲဆုံကြတဲ့ ငှက်နှစ်ကောင်ပါ။
အဲဒီနေ့ကကျမ၀တ်ဆင်ထားခဲ့သည်က မမလင်းပာားခါးကအပြန် ၀ယ်လာပေးထားသော
ရိုးရာအဆင် ချည်ထည်လေးမို့ တော်ပါသေးရဲ့ကွယ်။
အဲဒီလိုနဲ့ ရံဖန်ရံခါ ညတွေမှာ အဲဒီစကားလေးနဲ့ အသံပိုင်ရှင်ကို သတိတရ
ဖြစ်ခဲ့ရသည်က ရက်ပေါင်းများစွာပင်။ ဆရာတယောက်ဝယ်ယူသွားသည်ပာု ဆိုသော
စစ်ကိုင်းလမ်းရဲ့ ပန်းချီပုံကို ဓါတ်ပုံလေးများရလိုရငြား ရှာဖွေရင်း
စာကြည့်တိုက်ဖက် ခဏခဏရောက်ဖြစ်နေသည့် ကာလများစွာထဲကတစ်ရက်မှာပေါ့ ။
အဲဒီနေ့က မှတ်မှတ်ရရ အဖြူရောင်ပိုးထည်ရင်ဖုံးလေး ၀တ်မိရက်သား။ ကျောင်းဝင်းကြီးထဲက လူးလွန့်ပြန့်ကျဲနေသော စကားဖြူပွင့်ကလေးတွေ တွေ့မိရင်လည်း အမြဲတမ်း နှစ်သက်စွာကောက်ယူပြီး တစ်ပွင့်ကိုရင်မှာထိုး တစ်ပွင့်ကိုဆံနွယ်ရှည်တွေကြားထဲ ဒီအတိုင်းပန်၊ တစ်ပွင့်ကိုအိတ်ထဲထည့်သည့် အကျင့်ကလည်းရှိခဲ့ပြန်သည်မို့ စကားပင်အောက် ရောက်လျှင် တော်ရုံနှင့် မပြန်နိုင်ခြင်းကပင် သူနှင့်ကျွန်မကို ဆုံစည်းစေခဲ့ကြသည်။
ကျွန်မလွယ်ထားသော နွားသာရေနှင်လုပ်ထားသော မေမေ့ လက်ဆောင်အိတ်ကလေးကို ကြည့်ပြီး
“မလေးက နဂါးမင်း သားရေအိတ်လည်း ကြိုက်သလား…"
ပာုသူ့အမေးအဆုံးမှာပင် ကျွန်မကလည်း
" နဂါးမင်းသာ မပါခဲ့ရင် ပျူမြို့ရာလည်း ဘယ်တည်လို့ပြီးခဲ့ပါ့မလဲရှင်"
ပာုပြန်အပြောမှာ သူပာက်ပာက်ပက်ပက် ရယ်မောခဲ့သည်။ သူ့ ရယ်သံလွင်လွင်နှင့် ပုံရိပ်ကလေး
ကျွန်မ ဒီတစ်သက် မေ့ရက်နိုင်စရာမရှိတော့ပြီ။
အင်းပာုရည်ညွှန်းခဲ့သော ဂဠုန်မင်းဆိုသည်မှာလည်း ရေ၀င်နေသော အင်းကြီးကို မြို့ကွက်ထဲ သွင်းရန်အဆင်မပြေသည့်အခါ မြို့ရာတိုင်းနေသော ကြိုးကို နောက်ဆုတ်ပြီးတိုင်းသည်ကို နဂါးက ကိုယ်ကိုတွန့်သည်ပာု တင်စားခဲ့ကြခြင်းဖြစ်သည်လေ။ တင်လည်းတင်စားတတ်ကြပါပေ့။
“ မလေးရေ.. စာကြည့်တိုက်မှာ ထမင်းမေ့ပာင်းမေ့မနေပါနဲ့ ကြာရင်အစာအိမ်ဖြစ်မှာ စိုးရိမ်တယ်။ ”
“ မိုးရေထဲမှာလည်း ထီးမပါပဲလျှောက်လျှောက်မသွားပါနဲ့ အအေးမိရင်ခက်မယ်။”
မလေး အလုပ်လုပ်တော့မယ်လို့ သူ့ကို ပြောပြတော့လည်း …
“ အလုပ်ထဲမှာရန်မဖြစ်နဲ့နော်
မှန်တိုင်းဝင်မပါနဲ့ လူတွေပာာ တခါတလေမှာ အသိရ အမြင်ရခက်တယ်။”
နှုတ်ဆက်တယ် မပြောပဲနဲ့ နှုတ်ဆက်ခဲ့တဲ့ နေ့ကလေးကနေ ဒီနေ့အထိ ပြန်မဆုံတွေ့ခဲ့ကြရတော့….။
သူ့နေရပ်လေးမှာ ငြိမ်းချမ်းရေးကို အသက်နဲ့လဲ ပြီးပဲကာကွယ်ခဲ့ပြီလား။ ကျွန်မနှလုံးသားမှာ သူနဲ့ခွဲခွာပြီးကတည်းက မငြိမ်းချမ်းခဲ့ပါပဲ သူ့ကို အစဉ်အောက်မေ့သတိရနေမိနေတယ်။
သူပြောပြောနေခဲ့တဲ့ " မလေး စာရေးဖြစ်အောင်ရေးပါ " ဆိုတဲ့စကားကို သူပြောခဲ့တဲ့အချိန်တွေထက် အများကြီးနောက်ကျပြီးမှ ကျမနားထောင်ခဲ့မိတယ်။ အခုကျမ စာတွေရေးရေးထားတာ အများကြီးရှိနေပါပြီ။ ဒီစာလေးသာ သူဖတ်မိနိုင်ပါစေ သူတွေ့နိုင်ပါစေလို့ အကြိမ်ကြိမ် ဆုတောင်းမိနေခဲ့တယ်။
အလွမ်းကလည်း အလွမ်းရခက်လိုက်တာ…
အခါခါနေ့ရက်များစွာ။
တကယ်တော့....
အချစ်ဆိုတာ နှုတ်ဖျားက ထုတ်မပြောပေမယ့်လည်း ရင်ခုန်သံချင်းထပ်တူညီကြမယ်ဆိုရင် အပြန်အလှန်နားလည်နိုင်ကြတဲ့ဘာသာဗေဒလေးပါ။ ချစ်သူကပြောတဲ့ " ချစ်တယ် " ဆိုတဲ့စကားလေး
တစ်ခွန်းကတော့ ဘယ်သူမဆိုကြားချင်မှာပဲလေ။ ကြားရတဲ့ သူအတွက်လည်း ခွန်အားကို ဖြစ်စေတာ အမှန်ဆိုရင်၊
ကျွန်မ သူ့ကို တစ်ခွန်းသော စကားကို ပြောဖို့ အခွင့်အရေး သာ ရခဲ့ဦးမယ်ဆိုရင်ဖြင့်…..။
သူ့ကို ကျမ " ........ " ။
ခင်ဦး
0 comments:
Post a Comment