မလိုတမျိုး လိုတမျိုး
တွန်းတွန်းထိုးထိုး မလုပ်ပါနဲ့ 
ဒါ...သေမင်းရဲ့ ယန္တရားထဲမှာ
အရင်ရောက်နဲ့ နောက်ရောက်
မဆိုစလောက် ကွာခြားရုံလေးဥစ္စာ..။
မေမေရေ...သူလေ
ရသူပိုင်ဆိုင်ခြင်း
ပေးကမ်းစွန့် ကြဲခြင်း
ပေးကမ်းစွန့် ကြဲခြင်း
စစ်ခင်းပွတ်တိုက်
အန္ဓအမိုက်မို့  တူရဲ့ 
ရယူခြင်းကိုပဲခုံမင်သိမ်းပိုက်လို့ ..။
မေမေရ . ကြည့်ပါဦး
အမှန်တရားခမျာ အသက်ရှူမ၀ရှာဘူး
အမှားသိပ်သည်းလွန်းနေတော့....။
ငြိမ်းချမ်းရေးသစ္စာရေ…
လမ်းကြုံရင် ကျုပ်တို့ ရွာဘက်
ဂျိုးဖြူငှက်ရင်ခွင်ပိုက်နဲ့ လာခဲ့ပါဦး..။ ။
မင်းတာရာ
0 comments:
Post a Comment