Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

စစ်တိုက်တိုင်း


ချာတိတ် တစ်ယောက်က
ချာတိတ် တစ်ယောက်ကို
'ချာတိတ်' လို့ မခေါ်ဘူး
'ရဲဘော်' လို့ ခေါ်တယ်။
သူတို့ဟာ ကကြီးခခွေးထက်
လက်ညှိုးကွေး လေ့ကျင့်နေကြတယ်။
သူတို့ဟာ ချစ်သူအတွက် ကဗျာစပ်ဖို့ထက်
သေနတ်တွေပြောင်လက်ဖို့ တိုက်ချွတ်နေကြတယ်။
ကျနော်တို့ ချစ်သူလက်ကို ကိုင်ထားချိန်မှာ 
ကျနော်တို့ မိသားစု ပျော်ပျော်ပါးပါး ထမင်းဝိုင်း ချိန်မှာ
ကျနော်တို့ အောင်စာရင်း ပြေးကြည့်ချိန်မှာ
အဲဒီ ချာတိတ်တွေဟာ
စစ်တိုက်တမ်း ကစားနေကြတယ်။

နွေနှောင်းဝေ
(အဓ္ဓမ ကလေးစစ်သားများသို့)

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More