မောင်….
စိတ်မစွဲလမ်းပဲ၊ လှပတဲ့ညတစ်ညမှာ
မောင့်ကိုအိပ်မက်တယ်မောင်…
မောင့်ကိုအိပ်မက်တယ်မောင်…
ကြာခဲ့ပြီပဲ…
မတွေ့ ရတဲ့နှစ်တွေ၊ နှစ်မျောတသ
လွမ်းရတယ်မောင်….
နှုတ်ဆက်စကားတောင်၊ ပြောခွင့်မရခဲ့
တမ်းတတဲ့ခရေလဲ၊ မြေမှာကြွေလို့ 
ကောက်သူမဲ့ပြီလားမောင်…
မတွေ့ ရတဲ့နှစ်တွေ၊ နှစ်မျောတသ
လွမ်းရတယ်မောင်….
နှုတ်ဆက်စကားတောင်၊ ပြောခွင့်မရခဲ့
တမ်းတတဲ့ခရေလဲ၊ မြေမှာကြွေလို့ 
ကောက်သူမဲ့ပြီလားမောင်…
မောင်ပေးတဲ့ခရေ…အနှစ်နှစ်ဆယ်ကျော်ကြာမယ်ဆိုလဲ
ကဗျာစာအုပ်ကြားရှိနေဦးမှာပါမောင်…
ကဗျာစာအုပ်ကြားရှိနေဦးမှာပါမောင်…
မောင်ဘယ်မြို့ ကိုပြောင်းသွားလဲ
ကျွန်မသိလိုက်ပြီမောင်..
အရက်တွေလဲသောက်တုန်းပဲဆို
ဘယ်လိုအငြိုးနဲ့  ကိုယ့်ကိုကိုယ်နှိပ်စက်
မရက်စက်ပါနဲ့  မောင်…
ကျွန်မသိလိုက်ပြီမောင်..
အရက်တွေလဲသောက်တုန်းပဲဆို
ဘယ်လိုအငြိုးနဲ့  ကိုယ့်ကိုကိုယ်နှိပ်စက်
မရက်စက်ပါနဲ့  မောင်…
မောင့်ကိုသတိရလွမ်းတဲ့အကြောင်း
မောင်ကလွဲလို့ တစ်ကမ္ဘာလုံးသာသိ
မောင်ဘယ်တော့မှ သိလိမ့်မယ်မဟုတ်ဘူးမောင်…….
ကြေကွဲရပါတယ်မောင်ရယ်….။
မောင်ကလွဲလို့ တစ်ကမ္ဘာလုံးသာသိ
မောင်ဘယ်တော့မှ သိလိမ့်မယ်မဟုတ်ဘူးမောင်…….
ကြေကွဲရပါတယ်မောင်ရယ်….။
အိမ့်ချမ်းမြေ့
0 comments:
Post a Comment