Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

နေပျော်ထိုင်ပျော် ညနေခင်းပေါ် လမ်းလျှောက်ထွက်လာခဲ့


နေ့ရဲ့အဆုံး ညရဲ့အစ
လှတပတ ညနေခင်းတစ်ခုပေါ့
ပြေးနေတဲ့ကားကိုရပ်
လမ်းလျှောက်ခဏထွက်ခဲ့တယ်………. အဲသည့်မှာ---
တချို့က
တစ်နေ့တာချွေးစက်တွေအတွက် လျော်ကြေးဆပ်နေကြ
တချို့က
တစ်နေ့တာချွေးမထွက်လို့ လျော်ကြေးဆပ်နေကြ……..

တချို့ငှက်တွေက  အိပ်တန်းပြန်
တချို့ငှက်တွေက  အစာရှာစာထွက်

တချို့အပင်တွေ သီးပွင့်ဝေဆာ
တချို့အပင်တွေ ရိုးတံခြောက်ခြောက်ကိုင်းငေါက်ငေါက်ထွက်

အဲသည့်မှာ---

သပွတ်ခြုံလည်းရှိ၊ မျဉ်းဖြောင့်လည်းရှိ
စာအုပ်လည်းရှိ၊ ပေါက်တူးလည်းရှိ
တရားလည်းရှိ၊ ဓားလည်းရှိ
ကြပ်ကြပ်ညပ်ညပ်ရှိ၊ ဗလာဟင်းလင်းရှိ
အ၀ိုင်းလည်းရှိ၊  လေးထောင့်လည်းရှိ
မနေတတ်မထိုင်တတ်ရှိ၊ ဘာသိဘာသာရှိ
လေညင်းလည်းရှိ၊ သေခြင်းလည်းရှိ

အဲသည့်မှာ
လောက က လောက ဆန်ဆန် လှလှပပ
သူ့သဘာဝသူ ဖွဲ့နွဲ့ထားပုံများ
အနိမ့်အမြင့် ညီမျှခြင်းတွေသုံးလို့
အားလုံးအံဝင်ဂွင်ကျ
အတက်အကျတရားမှာ
ကိုယ့်ခံစားချက်နဲ့ကိုယ်ပဲ

တကယ်ဆို လောကဓံက မခါးသီးဘူးကွ
ငါတို့ကိုက မီးမွှေးနေတာ။

သုဆက်လင်း

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More