Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

သစ္စာဖောက်


မြင်သာမှုဟာ ကောက်ကွေ့ နေတဲ့
မြစ်တစ်စင်းလို လှပခဲ့တယ်။
မာယာများတတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပေါင်တံဟာ
ချစ်တတ်ရင် သွားရေယိုစရာကြီးပါပဲ။
ညစ်ပတ်မှုများ ရက်စက်မှုများ
ခေတ္တခဏ ကမ်းကပ်ပေးကြပါ
ခေတ္တခဏ သေဆုံးပေးကြပါ။
ဝတ်ဆင်မှု အရေးကြီး အပေါ်ယံလွှာ ထူထူကြီးတွေ
စုတ်စုတ်ပြတ်ပြတ် ဂီတာသံတွေကြား
ကျည်ဆံတွေဟာ ငြိမ်သက်စွာနဲ့ ဘ၀ကူးပြောင်းသွားကြတယ်။
ကျွန်ုပ်တို့ ကိုကယ်ပါ ပြည်ထောင်စုကိုကယ်ပါ
ဒါ..လန်းဆန်းတက်ကြွနေတဲ့ နောင်လာနောက်သားတွေပေါ့။
နိုင်ငံတော်ဟာ တဖြည်းဖြည်းလောင်ကျွမ်းရာမှ
နိုင်ငံတော်ဟာ တဖြည်းဖြည်း အသက်ဆက်ခဲ့
နိုင်ငံသားတွေတဖြည်းဖြည်း အသက်ဝင်လာကြ။
ဒီမှာ..ကဗျာဆရာ ခင်ဗျားကဗျာရေးဖို့ တစ်ရက်ပျက်ကွက်ရင်
နိုင်ငံတော်ကိုသစ္စာဖောက်လိုက်တာပဲ။

ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More