Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ဗူ ကြောက်လိမ့်တုန်း


" ဗူ ကြောက်လိမ့်တုန်း"
ဗူသုန်၊ ဗူခ၊ ဗူစလို့  ဗူနေရာ
ဗူလာလိမ့်တုန်း။
ဗူလှဲ၊ ဗူထူလို့ 

ဗု၊ ဗူ၊ ဗူထောက်တယ်

ဗူကြောက်လိမ့်တုန်း

( ဖိုးသူတော်ဦးမင်း)
ခု ဖတ်နေရတဲ့ ကဗျာလေးကတော့  ကုန်းဘောင်ခေတ် ကဗျာတွေထဲက တစ်ပုဒ်ဖြစ်တဲ့ " ဗူ" ကဗျာလေးပဲ ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်မှာ မင်း ၁၁ ဆက် စိုးစံခဲ့ကြတယ်။ အဲဒီထဲက မင်း ရှစ်ဆက်မြောက် ဖြစ်တဲ့ သာယာဝတီမင်း(ခ) ကုနုးဘောင်မင်း(ခ) ရွှေဘိုမင်းရယ်လို့ သုံးမည်ရခဲ့တဲ့ ဘုရင်လက်ထက်တော်မှာ မင်းတရားရဲ့ မိဖုရား အနောက်နန်းမတော် မမြလေး၊ အမတ်ကြီး ဦးပေါ်ဦး၊ စာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စား ဒုတိယ န၀ဒေးတို့နှင့်အတူ ထင်ရှားကျော်ဇောခဲ့တဲ့ စာဆိုတော် ဖိုးသူတော်ဦးမင်း ရေးသားခဲ့တဲ့ ပေါ့ပေါ့ပါးပါး ကဗျာတိုလေးတစ်ပုဒ်ပါပဲ။
တစ်နေ့မှာ ဝန်စာရေးလေးတစ်ယောက်ရဲ့ ချစ်သူက စိတ်ကောက်ပြီး မျက်နှာထားတော် သုန်မှုန်နေပြီး သူ့ချစ်သူကို မခေါ်ပဲနေတယ်။ ၀န်စာရေးလေးကတော့ သူ့ချစ်သူကောင်မလေး စိတ်အလိုတော်မကျ စိတ်ကောက်နေတာကို ခခယယ မချော့ချင်ရှာတော့ အခက်တွေ့နေသတဲ့။
အဲဒီတော့ ဖိုးသူတော်ဦးမင်းဆီရောက်လာပြီး အကျိုးအကြောင်းပြောပြတယ်။ သူတော်ရယ် ကျုပ်ချစ်သူလေးက မျက်နှာထားတော် သုန်မှုန်နေတာ၊ ကျုပ်ကလည်း မချော့ချင်လေတော့ မထေ့တထေ့ စာလေးများ ရေးပေးပါလို့  တောင်းဆိုလိုက်တယ်။

ဒါနဲ့  ဖိုးသူတော် ဦမင်းက "ဗူ" ကဗျာလို့  အမည်တွင်ခဲ့တဲ့ " ဗူ ကြောက်လိမ့်တုန်း" ကဗျာတိုလေးကို ရေးပေးလိုက်လေသတဲ့။

ကဗျာလေးက ချစ်စရာကောင်းလှသလို ကုန်းဘောင်ခေတ်က ဂန္တဝင်ကဗျာလည်းဖြစ်နေပြန်တယ်။ ဒီကဗျာလေးကို ရွတ်ဆိုမိလိုက်တိုင်း ကုန်းဘောင်ခေတ်က ချစ်စရာ လုံမပျိုလေးရဲ့  စိတ်ကောက်ပြီး နှုတ်ခမ်းစူ၊ သုန်မှုန်နေတဲ့ မျက်နှာနဲ့  သူ့ ချစ်သူ ၀န်စာရေးလေးတို့ကို မျက်စီထဲ မြင်ယောင်ရင်း ပြုံးမိစေတဲ့ ကဗျာတစ်ပုဒ်ဆိုရင် မှားမယ်မထင်ပါဘူး။
ကမာနီလာ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More