Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

တိမ်ကြည့်သူ


သူမသည် တိမ်များကို နှစ်သက်သူတစ်ဦးဖြစ်သည်။ ငယ်စဉ်ဘ၀ ခြံဝင်းထဲထွက်စာကျက်လျှင် ကောင်းကင်ကိုမော.ကြည်.ကာ ပုံသဏ္ဍန်မျိုးစုံနှင်. အရောင်အသွေးစုံလှသော တိမ်များမျောလွင်.နေပုံကို ငေးမောရင်း စာကြည်.လေ.ရှိသည်။
သူမသည် တိမ်များသာမက သစ်ပင်များနှင်. အကောင်ပလောင်လေးများကိုလည်း စိတ်ဝင်တစား ကြည်.ရူ.လေ.ရှိသူဖြစ်သည်။ သူမသည် မိုးလေ၀သခန်.မှန်းတတ်သူ၊ သဘာဝ၏ ဖြစ်ပျက်ပြောင်းလဲ နေပုံတို.ကိုလည်း အကဲခတ်တတ်သူ တစ်ဦးလည်းဖြစ်ပေသည်။
သူမသည် စိတ်ကူယဉ်ဆန်သူ တစ်ယောက်တော.မဟုတ်ချေ။ အေးဆေးစကားနည်းပြီး ကိုယ်လုပ်ရမည်. အလုပ်တာဝန်နှင်. လုပ်သင်.သောအရာများကို အာရုံစိုက်ပြီး ကြိုးစားပမ်းစား အလုပ်လုပ်တတ်သည်. အကျင်.ရှိသူတစ်ယောက်လည်းဖြစ်သည်။ ကိုယ်မျှော်လင်.ထားသလို ဖြစ်မလာသော အကြောင်းကိစ္စများနှင်. အောင်မြင်မှု.များအတွက်လည်း အတော်အသင်.နှလုံးသွင်းတတ်ပြီး ရောက်ယက်မခတ်သော စိတ်အခြေအနေရှိသူ တစ်ယောက်လည်းဖြစ်ပေသည်။
နှစ်ကာလ အတော်များများကြာအောင် သူမအလုပ်တာဝန်တွေကြားမှာ နှစ်မြှပ်နေခဲ.သည်။ သူမ၏ မအားမလပ်သော အလုပ်တာဝန်တွေကြားမှာ ကောင်းကင်နှင်. တိမ်များအကြောင်းသည် မှေးမှိန် ပျောက်ကွယ်လာခဲ.သည်။ အလုပ်ဖိစီးမူ.နှင်. လူမူဆက်ဆံရေးတွေကြားမှာ သူမပိတ်လှောင်နေခဲ.သည်။ တစ်နေ. မမျှော်လင်.ပဲ ယိုယွင်းလာသော သူမ၏ ကျန်းမာရေးအခြေအနေကြောင်. ကိုယ်လက်လှုပ်ရှားမှု.တစ်ခု လုပ်ဖို.လိုအပ်လာခဲ.သည်။ ထိုအခြေအနေတွင် မြို.နဲအလှမ်းဝေးကွာသော တောင်ပေါ်မြို.လေးမှာ အလုပ်လုပ်နေသော သူမအဖို.လမ်းလျှောက်ခြင်းသည် အထိရောက်ဆုံးဖြစ်ပေသည်။ သူမနေထိုင်ရာအနီးအနားမှာ တစ်ဖက်နိမ်.တစ်ဖက်မြင်. ကျွန်းလေးသဖွယ်ဖြစ်နေသာ တောင်စောင်းလေးတစ်ခုရှိသည်။သူမ ဒီတောင်ပေါ်မြို.လေးကို စရောက်သည်.နေကတည်းက ဒီတောင်စောင်းလေးကို သတိထားမိခဲ.သည်။ အလုပ်တာဝန်တွေကြောင်. တောင်စောင်းအနီးအနား သွားရောက်ကြည်.ရူ.ခဲ.ခြင်း မပြုလုပ်မိခဲ.ချေ။ တောင်စောင်းပေါ်တွင် ပန်းရိုင်းများနှင်. သစ်ပင်များစွာတို.ပေါက်ရောက်နေပြီး တောသဖွယ်ဖြစ်နေသည်ဟုသိရသည်။ တောင်ကိုပတ်၍ လမ်းလျှောက်လျှင် မြေပြင်ညီမဟုတ်ပဲ တစ်ဖက်ဆင်း တစ်ဖက်တတ် ပုံစံမျိုးလျှောက်ရသည်။
ရာသီဥတု သာယာသော ညနေခင်းတစ်ခုတွင် သူမစတင်လမ်းလျှောက်ထွက်လာခဲ.သည်။ လတ်ဆတ်သော လေနုအေးသည် သူမကို ပိုပြီးတတ်ကြွသွားစေသည်။လေတစ်ချက်အဝှေ.တွင် တောမှအလေ.ကျပေါက်သော ပန်းရိုင်းတို.၏ ရနံသည် သင်းပျံပျံမွှေးကြိုင်နေသည်။ သူမအတွက် လမ်းလျှောက်ထွက်လာခြင်းသည် မှန်ကန်သည်ဟူသော အတွေးဖြင်.တစ်ကိုယ်တည်းပြုံးရင်း တောင်ကိုအတတ်ဖက်မှ စတင်လမ်းလျှောက်လာခဲ.သည်။ တစ်ကယ်ပင် သူမအတွေးမှန်ကန်ခဲ.ပါသည်။ အတော်အတန်လေး လျှောက်လာခဲ.ပြီး အမြင်.ဆုံးအပိုင်းရောက်ချိန် တောင်ထိပ်ပေါ်တွင် သူမတွေ.လိုက်ရတာက ရှေ့မှာကာဆီးကာထားသော တိမ်တောင်တိမ်တိုက်တွေ။ လှလိုက်တဲ.တိမ်တွေ ဖြူဖြူစွတ်စွတ် ၀ါဂွမ်းတွေလို တိမ်အုပ်တွေ၊ နေရောင်ကြောင်. နီရဲရဲဖြစ်နေသောတိမ်တွေ ၊ တိမ်ညိုတန်းတွေ တရွေ.ရွေ.သွားနေတာ တကယ်.ပန်းချီကားတစ်ချပ်ပင်။ ထိုနေ.ညနေခင်းတွင် သူမ တိမ်တွေကိုဘယ်လောက်ကြာကြာကြည်.ခဲ.သည်၊ မည်သို.ဘယ်ပုံ အိမ်သို.ပြန်ရောက်ခဲ.သည်ကိုမသိခဲ.ချေ။
ထိုနေ.မှစ၍ သူမ၏ နေ.စဉ် နိစ္စဒူဝလုပ်ငန်းများတွင် လမ်းလျှောက်ခြင်းနှင်. တိမ်ကြည်.ခြင်းတို. ပါဝင်လာခဲ.သည်။ ရာသီဥတု အလွန်ဆိုးဝါးသောနေ.များမှအပ သူမလမ်းလျှောက်ထွက်ခြင်းကို မပျက်ကွက်ခဲ.ချေ။ တောင်ထိပ်မှနေပြီး တိမ်များကိုကြည်.ရခြင်းသည် သူမကိုငြိမ်းချမ်းစေသည်။ အလုပ်ဖိစီးမူ.တွေ၊ လူမူ.ရေးပြသနာများနှင်. ပြည်.နှက်နေသာ လူ.ဘ၀ရဲ. အစိတ်အပိုင်းထဲမှာ ခဏအပန်းဖြေစရာ အချိန်အတိုင်းအတာလေး တစ်ခုလည်းဖြစ်သည်။ တိမ်များ၏ပုံသဏ္ဍန်၊ အရောင်၊ ရွေ.လျားပုံတို.က သူမအတွက် ဘယ်တော.မှ ရိုးအီမသွားနိုင်သော သဘာဝအလှတရားများပင်။
မိုးရာသီညနေခင်းများ၏ တိမ်ညိုတိမ်မဲများ အုံးဆိုင်းနေသော ကောင်းကင်၊ နွေညနေခင်းများရဲ. ကြည်လင်သော ကောင်းကင်ပြာနှင်. တိမ်ဖြူလွှာများ၊ ဆောင်းညနေခင်းရဲ. အေးစက်တဲ.လေပြေနဲ. မြူတိမ်များအလှ အားလုံးကို သူမသဘောကျသည်။ ဒီတိမ်တွေ ဘယ်နေရာဒေသက စတင်ဖြစ်ပေါ်လာပြီး ဘယ်နေရာသို.ခရီးနှင်နေသည် သူမမသိပေ။ ထိုတိမ်များနည်းသူ သူမဘ၀သည် ဤသို.သာပင်။ မဆုံးနိုင်သော ဘ၀သံသရာအတွက် ခရီးဆုံးရာနေရာသည် မည်သည်.အချိန်အခါတွင် ရောက်မည်မသိ။ သူမသည်လည်း ခရီးနှင်နေသူတစ်ယောက်သာ ဖြစ်သည်။
တစ်နေကုန် ခေါင်းမဖော်နိုင်အောင်လုပ်ရသော အလုပ်တွေပြီးတဲ. ညနေခင်းတိုင်းမှာ ကောင်းကင်ကို မော.ကြည်.ကာ လမ်းလျှောက်ရခြင်းသည် သူမအဖို. အလွန်နှစ်သက်စရာ အချိန်ဖြစ်သည်။ တောင်စောင်းမှဖြတ်သန်း တိုက်ခတ်လာသောလေမှ ပန်းရနံကို ရူရှိုက်ရင်း တိမ်စိုင်တိမ်ခဲတွေကို ကြည်.ရသည်မှာ အလွန်ကြည်နူးစရာကောင်းလှသည်။ ထိုကြည်နူးမူ.ဟာ သူမ၏ မနက်ဖြန်များစွာ အတွက် အားမာန်များကိုလည်း ပေးစွမ်း၏။ မျှော်လင်.ချက်နှင်. အိမ်မက်များစွာတို.ကိုလည်း ပေါက်ဖွားလာစေသည်။
အားလုံးထဲမှာ သူမအနှစ်သက်ဆုံးကတော. တိမ်တွေ။ ကြည်.စမ်းပါဦး တိမ်တွေ… အရောင်မျိုးစုံ အသွင်မျိုးစုံနှင်. လှပနေသော တိမ်ဖြူ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ညိုတန်းတွေ ကောင်းကင်မှာ ခရီးကြမ်းနှင်လို.။

ခင်သက်နွယ်ဆွေ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More