အရင်ကတည်းက
ပူပင်တတ်တဲ့ ကျွန်မတို့ မိန်းမသားတွေဟာ ချစ်သူခင်သူတွေ နေမကောင်းဖြစ်တဲ့အခါ
ပိုပြီးတောင် ပျာယာခတ်နေတတ်သေးတယ် မဟုတ်လား။ ကိုယ့်ချစ်သူမှာ
ကျန်းမာရေးနဲ့ပတ်သတ်လို့ လွဲချော်တာလေးတွေ ရှိနေတယ်ဆိုရင် ဘယ်လောက်များ
စိတ်ပူလိုက်ကြမလဲလို့ ကျွန်မ တွေးမိတဲ့အခါ သူတို့တွေလည်း
ဖတ်မိပါစေလို့ဆိုတဲ့ ဆန္ဒလေးနဲ့ ချရေးဖြစ်ခဲ့ပါတယ်။
အများဆုံးလွဲချော်တတ်တာလေးတွေကတော့........
(၁) ဆရာဝန်နဲ့ တွေ့ရမှာ ၀န်လေးနေတတ်တာ…
ကျားကျားလျားလျား
လို့ပဲ ပြောမလား ပစ်စလတ်ခတ်နေတယ်လို့ပဲပြောမလား ။ အမျိုးသားတွေဟာ
အမျိုးသမီးတွေထက်ကို ဆရာဝန် နဲ့ တိုင်ပင်တဲ့နှုန်း ၂၅ ရာခိုင်နှုန်း
နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်
သက်တမ်းတိုတတ်တာ၊ ကင်ဆာရောဂါပိုဖြစ်တတ်တာလို့ ဆိုကြပါတယ်။
(၂) ဆေးစစ်ရမှာရော ဆေးစစ်ချက်အဖြေတွေကိုရော ကြောက်နေတတ်တာ…
ဆရာဝန်နဲ့ ပြသမှုနှုန်း
နည်းတာတင် ဘယ်ကမလဲ။ဆေးစစ်မှုကိုလည်း အမျိုးသားတွေက တတ်နိုင်သမျှ
ရှောင်ရှားတတ်ကြပါသေးသတဲ့။ အမျိုးသားတစ်ယောက်အနေနဲ့ ပုံမှန်ဆေးစစ်မှုတွေ
လုပ်တဲ့အခါ လူလတ်တန်း အရွယ်တွေ မှာတောင် ဖြစ်လာတာ တွေ့ရတဲ့
ဆီးကျိတ်ကင်ဆာရောဂါ ကို ကြိုတင်ပြီးကာကွယ်နိုင်မှာပါ။ ဘယ်ကစလို့
ဆေးစစ်ရမှန်းမသိရင်တော့ ကျန်းမာရေး ဆိုင်ရာ ၀က်ဆိုဒ်တွေ ဒါမှမဟုတ် မိသားစု
ဆရာဝန် တွေ ကဆင့် သိနိုင်ပါလိမ့်မယ်။
(၃) အရက်အလွန်အကျွံ သောက်သုံးမိတတ်တာ…
ရှေ့ဆောင်ဖြစ်နေတဲ့
အမျိုးသားဟာ လူနေမှုစနစ်ပြောင်းလဲလာတာ၊ လွယ်လင့်တကူရနိုင်တာ
စတဲ့အကြောင်းအရာတွေ၊ စိတ်ဖိစီးမှုများနေတာ စတဲ့အကြောင်းတွေနဲ့ အရက်သေစာ
အလွန်အကျွံ သောက်သုံးမိတာကြောင့် ဆိုးကျိုးတွေကို ပိုလို့ ခံနေရဆဲပါပဲ။
ရေရှည်ကျန်းမာရေး ပြသနာတင်မဟုတ်ပါဘဲ လတ်တလောရောဂါ ဖြစ်တဲ့ အ၀လွန်ခြင်းကိုပါ
အရက်သေစာ အလွန်သောက်သံုးသူများ ကြုံတွေ့နေရတာပါ။ အမှန်တော့ လူမှုရေးအရ
လူစုံလို့ သောက်တယ်ဆိုပေမယ့် ညနေစောင်းတိုင်း သူငယ်ချင်းတွေ စုံနေရင်တော့
သိပ်မကောင်းဘူးမဟုတ်လားဟင်။
(၄)တစ်ကိုယ်ရေ ကျန်းမာရေး
(၄)တစ်ကိုယ်ရေ ကျန်းမာရေး
တချို့သုတသနတွေက
အမျိုးသားတွေရဲ့နေ့စဉ် လုပ်ငန်းတွေကို လေ့လာတဲ့အခါ ၆၆% သော ပုရိသ တွေသာ
တစ်နေ့ကို နှစ်ခါ ထက်ပိုပြီး သွားတိုက်တာ တွေ့ရပါတယ်။ အမျိုးသမီး
တော်တော်များများကတော့ တစ်နေ့ကို နှစ်ခါနဲ့အထက် သွားတိုက်ပြီး သွားဆရာဝန်
နဲ့လည်း မှန်မှန်ပြပါသတဲ့။ သွားနဲ့ သွားဖုံးရောဂါတွေဟာ
နှလုံးရောဂါဖြစ်ပွားမှု၊ သတိမေ့လျော့တတ်တဲ့ဝေဒနာတွေကို
ပိုမိုဖြစ်ပွားစေပြီး၊ ကျားပီသမှုကိုလည်း လျော့နည်းစေတယ်လို့ဆိုပါတယ်။
(၅)တိတ်တိတ်လေး ပေါက်ကွဲတတ်တာ…
အမျိုးသားတွေဟာ
သူတို့ရဲ့ ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေကို မျိုသိပ်ထားတတ်တာ များသလို
လူတစ်ဖက်သားကို အကူအညီတောင်းရမှာ တခြားသူရဲ့ ငဲ့ညှာမှုကို ခံရမှာကို
ခံပြင်းကြတတ်တာ ကို တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ ဒါတွေ ရဲ့ 
အကျိုးဆက်ကြောင့်ပဲ ကျန်းမာရေးနယ်ပယ်မှာ စိတ်ကျဝေဒနာဖြစ်ပွားမှုကို
ဖော်ထုတ်နိုင်မှုဟာ မိန်းကလေးတွေ ထက် နည်းနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် မိမိကိုယ်ကို သေကြောင်း ကြံစည်မှုမှာတော့ အမျိုးသားများဟာ ၇၇ %
ပိုများနေတာ တွေ့ရပြန်ပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ ဒေါသကြီးမှုပမာဏဟာ
သူရဲ့ကျန်းမာရေး ကောင်းမွန်မှုနဲ့ တိုက်ရိုက်ဆက်နွယ်နေတာဖြစ်ပြီး
ဒေါသအဖြစ်နည်းတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ဖို့
အခွင့်အလမ်းများလာတယ်လို့ သုတေသီများက ဆိုထားကြပါတယ်။
(၆) ရေနွေးကန် မှာ ရေချိုးတတ်တာ…
အမျိုးသား
တော်တော်များများဟာ ရေနွေးနွေးမှာ စိမ်ချိုးရတဲ့ အရသာကို အနှစ်သက်ဆုံးလို့
လေ့လာသူများက ဆိုထားပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ် မှ သုံးနှစ်တာ သုတေသန
ပြုလုပ်ချက်များအရ အဲဒီလို ရေနွေးနဲ့ ရေစိမ်ချိုးတာဟာ အမျိုးသားတွေရဲ့
မျိုးအောင်မှုနှုန်းကို ကျစေတယ် ဆိုတာတွေ့ရပါတယ်။ အဲဒီလိုအကျိုးဆက်တွေကို
Jacuzzis သုံးသူတွေနဲ့ ကွန်ပြူတာကို အချိန်ကြာမြင့်စွာသုံးသူတွေမှာလည်း
အလားတူတွေ့ရတယ်လို့ ဆိုပါတယ်။
(၇)Sun creem လိမ်းဖို့ အငြင်းအခုန် လုပ်နေတတ်တာ…
အရေပြားကင်ဆာဟာ
အင်္ဂလန်မှာ အများဆုံးဖြစ်တဲ့ ကင်ဆာဖြစ်ပြီး လေ့လာချက်များအရ
အမျိုးသားတစ်ချို့ဟာ sun cream လိမ်းဖို့ မေ့လျော့ ငြင်းဆန်ဆဲပဲလို့
ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အပြင်လောကမှာ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ သူတွေ
အနေနဲ့ သင့်တော်တဲ့ sun cream လိမ်းဖို့ရယ် အကျီလက်ရှည်ဝတ်ဖို့ရယ်ကလဲ
အရေးကြီးတာပဲ မဟုတ်လား။
(၈) သူလည်း ကျန်းမာ ကိုယ်လည်း ကာကွယ်နိုင်တာပေါ့
အမျိုးသား
သုံးယောက်ထဲက တစ်ယောက်ဟာ ရေအိမ်က ထွက်လာတဲ့အခါ
လက်မဆေးတတ်ဘူးလို့အမေရိကန်ပြည်ထောင်စုက လေ့လာသူတွေက တွေ့ရှိကြတာကို မေတို့
အံ့သြကြမှာလား။ အဲဒီလိုပါပဲ လန်ဒန်က နာမည်ကြီးကျောင်းတစ်ခုရဲ့
သုတေသနပြုချက်များအရ လက်ဆေးတဲ့ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံကသာ
ဆပ်ပြာသုံးတတ်ပါသတဲ့။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတာ ကို
နားလည်နေပြီးသား ဖြစ်နေမှာမို့ သတိထားပြီး လက်တွေ့ကျင့်သုံးတဲ့အခါ
ကိုယ်လည်း ကျန်းမာ ကိုယ့်ချစ်တဲ့သူတွေကိုလည်း မကူးစက်နိုင်တော့ဘူးပေါ့။
(၉)ချိုင့်ဆွဲ ယဉ်ကျေးမှုတွေ ထွန်းကားလာတတ်တာ …
ပြေးပြေးလွှားလွှားခေတ်ကြီးကိုက
ပါဆယ်ယူစားရတဲ့ ခေတ်ပဲလေ။ အမျိုးသားထုရဲ့ ၄၇ % ဟာ ဆိုင်ထမင်းဆိုင်ဟင်းနဲ့
ချိုင့်ဆွဲစားတာကိုအနည်းဆုံးတပတ်တခါ ပြုလုပ်လေ့ရှိပြီး အမျိုးသမီးထုရဲ့ ၃၅ %
ကသာ ချိုင့်ဆွဲစားတတ်ကြပါသတဲ့။ ဆိုင်ထမင်းဆိုင်ဟင်းတွေ မှာ
နေ့စဉ်လိုအပ်ချက်ထက် ပိုလွန်တဲ့ ကယ်လိုရီ၊ ဆားဓတ်တွေပါတာကြောင့်
ဖြစ်နိုင်မယ်ဆိုရင် ဆိုင် ထမင်းဟင်း ထက် အိမ်ထမင်းအိမ်ဟင်းကိုသာ
စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။
မွန်းသက်ပန် (ဆေး-၁ )
၀၀:၀၄ နာရီ၊ မတ်လ ၄ ရက် ၂၀၁၃ ခုနှစ်
ကင်ရှဆာမြို့
အလယ်ပိုင်း အာဖရိက။
0 comments:
Post a Comment