Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

မစဉ်းစားချင်ဘူး



လခြမ်းကွေးကွေး….တိမ်တိုးပြေးနေ

ကိုယ်ပြေးသူပြေး….လိုက်လေ ဝေးလေ

ဘယ်တော့နီးမလဲ….ဘယ်တော့မီမလဲ

ချစ်မိစေသူ….မကြည်ဖြူသော်ငြား

ကိုယ်တည်း ဖက်သတ်…ချစ်နေရသော်

မတင်းတိမ်သည်မို့…ပြေးလိုက်မိသည်

နောက်ဆုံးရလဒ် ခုံဖိနပ်တည်း။


စိမ်းကြည်အေးလှ…တိမ်မည်ထင်သည်

စိတ်များယွင်းယို….ပင်လယ်ကွန်းခို

ခုန်ချမိသည်….အံမလေးရေကနစ်သည်မို့။

နောက်ဆုံးဘဝနာ…ချစ်သူပစ်ခွါ

နောက်တစ်ခါ ထပ်ဘုမထွက်ချင်ဘူး

သာသနာဘောင်သွင်း…သံမျှင်းဖြတ်သည်

တောထွက်ရင် ကောင်းမည်လောာာာာာာာ။

ပျူမခ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More