နှင်းငွေ့လေးတွေ ဝေသီပြီး အေးချမ်းလတဲ့
ဆောင်းရာသီထဲ ကိုတောင် ရောက်ခဲ့ပြန်ပါပြီ။ စာရေးသူနေတဲ့
သြစတြေးလျလိုနိုင်ငံမှာတော့ အစိုးရ ရုံးပိတ်ရက် ကျောင်းပိတ်ရက် မှာ
လူတော်တော် များများက စိတ်အေးလက်အေးနဲ့ ပျော်ဖို့ရွှင်ဖို့ကို ပဲ
စိတ်ထဲမှာထည့်ထားတတ်ကြပါတယ်။
အလုပ်ပိတ်ရက်ရှည်ရတဲ့
အချိန်တွေမှာဖြင့် သူငယ်ချင်းမိတ်ဆွေ တွေနဲ့ တကူးတက ကို ချိန်းပြီး
ဆုံတွေ့ကြ သူတွေလည်း ရှိပါတယ်။ ကွဲကွာနေတဲ့ မိသားစုတွေ ဆိုရင်ဖြင့်လည်း
ကျောင်းပိတ်ရက်ရုံးပိတ်ရက် မှာပြန်လည် ဆုံတွေ့ကြသည်ပေါ့ ။
ပြန်ဆုံကြပြန်တော့လည်း အတူတူ တပျော်တပါး စားကြသောက်ကြဖြင့် ပုံမှန်ရက်တွေ
နှင့်စာရင်တော့ သည်ရက်ပိုင်းတွေမှာ ပိုပြီး စားမိသောက်မိ တတ် ကြပါသည်။
သည်အခြေအနေမှာ တစ်ချို့လည်း စဉ်းစားမိကောင်းစဉ်းစားမိကြပါလိမ့် မယ်။
မိမိတို့ သည်ရက်ပိုင်း ပိုစားမိလို့ တက်လာမယ့် အဆီတွေ တွေကို
ဘယ်လိုများလျှော့ချကြမလဲပေါ့။
သတင်းကောင်းလေး တစ်ခု
ကတော့ သြစတြေးလျ နိုင်ငံ မယ်လ်ဘုန်း တက္ကသိုလ် ကသုတေသီ တွေ က အ၀လွန်တာကို
ကုသရာမှာ လိုအပ်တဲ့ အရးကြီးတဲ့ တွေ့ရှိချက်တစ်ခု ကို အောင်အောင်မြင်မြင်
တွေ့ရှိခဲ့တာပါပဲ။ သို့သော်ငြားလည်း အလုံးစုံ သက်သာ ပျောက်ကင်းအောင်
ကုသနိုင်တဲ့ ဆေးတစ်မျိုးကို ဖေါ်ထုတ်နိုင်ဖို့ ဆိုတာကတော့ ဆက်လက်သုသေသန တွေ
လုပ်ဖို့ လိုနေဆဲပါလို့သူတို့ ကဆိုပါတယ်။ အ၀လွန်တာတို့
ကိုယ်အလေးချိန်တက်လာတာတို့နဲ့ ပက်သက်လို့ ပြောကြတဲ့ အခါ မှာ အလွယ်တကူ အဆီ
လို့ ပဲကျွန်တော်တို့ ပြောတတ်ကြပါတယ်။ အမှန်တကယ်ကတော့ ကျွန်တော်တို့
ခန္ဓာကိုယ်မှာ အဆီနှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ ကျွန်တော်တို့
အများစု ရင်းနှီးတဲ့ အဖြူ ရောင်အဆီတစ်ရှုး (white fat tissue) တွေ ဖြစ်ပြီး
ဒုတိယ တစ်မျိုးကတော့ အညိုရောင်အဆီ တစ်ရှုး (brown fat tissue)
တွေဖြစ်ပါတယ်။ ကျစ်လျစ်ပြီး အဆီနည်း တယ် လို့ထင်ရတဲသူတွေမှာ တောင်မှ
အဲ့သည်အဖြူရောင် အဆီ တစ်ရှုး တွေဟာ အညိုရောင် အဆီတွေထက်တော့များတာ
ကိုတွေ့ရပါတယ်။ ဒါပေမယ့် Baker IDI Heart and Diabetes Institute) က
ဆေးသုတေသီတွေကတော့ အညိုရောင် အဆီ ( brown fat) ကိုပဲ တစိုက်မတ်မတ်
လေ့လာနေကြပါတယ်။ သည်သုတေသန အဖွဲ့ မှDr.Carey ဆိုသူကတော့ အညိုရောင် အဆီ
တစ်ရှုးတွေ ဟာ အ၀လွန်မှု့ကို ကုသရာမှာ အရေးကြီးတဲ့ နေရာကနေ ပါဝင်လာလိမ့်မယ်
လို့ အခိုင်အမာပဲ ဆိုပါတယ်။ သည် တစ်ရှုးတွေရဲ့ လုပ်ဆောင်မှုကတော့ ကယ်လိုရီ
တွေကို လောင်ကျွမ်းဖို့ ဖြစ်ပါတယ်။ အကောင်းဆုံးလုပ်ဆောင်နို်င်တဲ့
အချိန်မှာ ဆို သူတို့ရဲ့ ကယ်လိုလောင်ကျွမ်းနိုင်မှုဟာ အခြားသော ခန္ဓာကိုယ်
အစိတ်အပို်င်းတွေရဲ့ကယ်လိုရီ လောကျွမ်းမှုထက် များတယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ သည်အညိုရောင်တစ်ရှုးတွေ
စတင်လောင်ကျွမ်းပြီဆိုရင် အဖြူရောင် တစ်ရှုး တွေရဲ့လောင်ကျွမ်းမှု့
ကပါနောက်ဆက်တွဲအဖြစ် လိုက်လာလို့ပါပဲ။ သည်လို ဖြစ်ရတာကတော့ အညိုရောင်
တစ်ရှုး တွေဟာ သူတို့ရဲ့လောင်ကျွမ်းဖို့ အတွက် လိုအပ်တဲ့ လောင်စာ ကို သူတို့
ရနိုင်တဲ့ နေရာ အကုန်လုံးကနေ ရယူတာကြောင့်ပဲဖြစ်ပါတယ်။ သည်လို
လောင်ကျွမ်းခြင်းအားဖြင့် ခန္ဓာကိုယ်ထဲ က အဆီ ပမာဏ
ကိုလျှော့ချပေးနိုင်ခြင်းဖြစ်ပါတယ်။ ကံမကောင်းတာကတော့ အ၀လွန်သူတွေမှာတော့
အညိုရောင်တစ်ရှုး ရဲ့လုပ်ဆောင်မှု့တွေ ဟာ သာမန် သူတွေ
နဲ့မတူခြားနားတာကိုတွေ့ရခြင်းပါပဲ။ သာမန် လူတွေမှာ ဆိုရင် အအေးဓါတ် သို့
အအေးနှင့် ထိတွေ့ခြင်းများ ဟာ အညိုရောင်တစ်ရှုး ကို အလုပ်လုပ်ဆောင်ဖို့
တိုက်တွန်းလှုံ့ဆော်ပေးနိုင်ပေမယ့် အ၀လွန်တဲ့သူတွေမှာတော့သည်လို
လှုံ့ဆော်ပေးနိုင်မှု့ဟာ လျော့နည်း ပျောက်ဆုံး နေပါတယ်။
သို့သော် အ၀လွန်လာတဲ့
အခါမှာ အညိုရောင်တစ်ရှုး တွေရဲ့လုပ်ဆောင်ချက်တွေ ပျက်ဆီးသွားတာလား ။
ဒါမှမဟုတ် အညိုရောင်တစ်ရှုး တွေရဲ့လုပ်ဆောင်ချက်တွေကျလာခြင်းရဲ့ နောက်ဆက်တွဲ
အဖြစ် အ၀လွန်ခြင်း ဖြစ် လာရသလား ဆိုတာကတော့ ယခု အချိန်အထိ တိတိကျကျ
မသိသေးတဲ့ပုစ္ဆာ တစ်ပုဒ်ပါပဲ။ အဲသည်မှာ မေးစရာ ရှိလာတာ တစ်ခုကတော့
အညိုရောင်တစ်ရှုးတွေ နဲ့ အ၀လွန်တာကို ကုသရာမှာ တွေ့ရှိခဲ့တဲ့
မျှော်လင့်ချက်တစ်ခု မည်သို့မည်ပုံ ဆက်စပ်နေသလဲဆိုတာပါပဲ။
Dr.Carey တို့ဟာ
အအေးဓါတ် မဟုတ်တဲ့ အခြားအရာတစ်ခုနဲ့ အညိုရောင်တစ်ရှုးတွေကို နှိုးဆွ ပေးတဲ့
နည်းကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ ဆေးတစ်မျိုးမျိုး ကိုအသုံးပြုပြီး
အညိုရောင်တစ်ရှုး ကို လှုံ့ဆော်ပေးတာ ဟာ အကောင်းဆုံးနည်းပါလို့ သူတို့
ကဆိုပါတယ်။သူတို့ စမ်းသပ်တဲ့ ဆေးတစ်မျိုးဟာ အညိုရောင်တစ်ရှုး တွေကို
လှုံ့ဆော်ပေးတာနဲ့ တစ်ပြိုင်နက်ထဲမှာပဲ အစား စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့
ဦးနှောက်ရဲ့ ညွှန်ကြားမှု့တစ်ချို့ကိုပါ ပိတ်ဆို့ တားဆီး ပေးမှာဖြစ်ပါတယ်။
သည်သုတေသန မှာပါတဲ့
သူတွေကို သူတို့က ephedrine ဆိုတဲ့ ဆေး တစ်မျိုး ကို ပေးပါတယ်။ ဘေးထွက်
ဆိုးကျိုး အနေနဲ့ကတော့ နှလုံးခုန်နှုန်းမြန်တာ ကို တွေ့ခဲ့ရပါတယ်။ သည်လို
ဘေးထွက်ဆိုးကျိုးတွေကို တွေ့ခဲ့ရပေမယ့် ဒါဟာ အ၀လွန်မှု့ကို ကုသရေးမှာ
အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဘေးထွက်ဆိုး
ကျိုးတွေကို လျှော့ချ ပြီိး ရေရှည် အသုံးပြုနိုင်မယ့်ဆေးမျိုးကို
ဖေါ်ထုတ်နိုင်ပြီး အဲ့ဒီဆေးနဲ့ပဲ ခန္ဓာ ကိုယ် အလေးချိန်ကို တကယ် ကျစေမယ့်
ဆေးတစ်မျိုးဖေါ်ထုတ်နိုင်မယ့်အခြေအနေအထိ ရောက်အောင် ကြိုးစားသွား မယ်လို့
ဆိုပါတယ်။ သည်လို ဆေးမျိုးအမြန်ဆုံပေါ်ပေါက်လာလိမ့်နိုင်ဖို့ အတွက်
ဆေးသုတေသီများမှ ကြိုးစားရှာဖွေနေကြကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Reference: ABC news
ရဲဝင့်ဦး (ဇီဝကမ္မဗေဒ)
0 comments:
Post a Comment