Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

တဖက်သတ်အချစ်



အဲဒီအချစ်ဟာ တစ်ကယ်ကို
ထူးဆန်းလွန်းတာပါပဲကွယ်။
နူးညံ့တဲ့ လက်ကလေးတွေဟာ
ကိုယ့်ကို မဖက်ချင်နေပါစေ
ကိုယ်က...
ဖက်ရရင်ကို
ကျေနပ်နေမိတာ။
နီရဲဖူးစိုတဲ့ နှုတ်ခမ်းလေးတွေဟာ
ကိုယ့်ကို မနမ်းရင် နေပါစေ
ကိုယ်က ....
နမ်းရှုံ့လို့ နေရရင်ကိုပဲ
ကြည်နူးနေတာ...
ဆံနွယ်လေးတွေ ကိုယ့်အနားမကပ်
ခပ်ဝေးဝေး တဖျတ်ဖျတ်လူးနေလည်း
ကိုယ်က...
အနားကပ်လို့ ခပ်ဖွဖွ
နမ်းရရင်ကိုပဲ ပျော်ရွှင်နေရတာ...
ဖောင်းဖောင်းအိ လက်ကလေးများက
ကိုယ့်လက်တွေကို မထိရင်နေပါစေ၊
ကိုယ်က...
အဲဒီလက်လေးတွေကို
ထိဖမ်းဆုပ်ကိုင်ရရင်ကိုပဲ
အားတွေ ရှိနေတာ...
ငုံထားမတတ် ချစ်တယ်
ကြာညိုနံ့သင်းတဲ့ အာခံတွင်း
ကိန္နရီ ကိန္နရာ ချောင်းခြားရင်ဖြင့် နေ့တစ်ရက်ဟာ ကုဋေကုဋာ
ကြားဖူးနားဝ ကဗျာတွေစာတွေဟာလည်း....
သူတို့နဲ့မှ ခံစားတတ်လာတယ်...
ဟုတ်တယ်...
အဲဒီအချစ်ဟာ
တစ်ကယ်ကို ထူးဆန်းလွန်းနေတော့တာပါပဲကွယ်...

အိမ့်ချမ်းမြေ့

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More