Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

တချက်လောက်တော့ ငဲ့ကြည်ပါ


အရိုးစုပေါင်းစုံ သိုဝှက်သိမ်းဆည်းထားရာ
အပင်ပြုန်း တောတောင်တွေ....
ရတနာအကျိုးအပဲ့ မြုပ်နံကွယ်ဝှက်ထားရာ
ရွာပျောက် ယာပျောက် မီးလောင်မြေတွေ....
တိုင်းပြည့်အနံ့ ပျံ့ လို့ နံ့ လို့ မြင်လို့ တောင်မတော်..။
သေခြင်းတရားက နေ့ လား..ညလား.
အငတ်ဘေးနဲ့ တွဲဖက်ပြီးလာမလား..
ကျည်ဆံဖူးနဲ့ ရောနှောပြီးလာလေမလား
တ၀မ်းတခါး မပြေလည်တဲ့ကြားကကြောက်ကျနေရ
ခြေရှိပေမဲ့ နင်းစရာမြေမရှိတဲ့သူတွေ
ရွာပြေးရွာရှောင် စစ်ဘေးဒုက္ခတွေက
ပြောင်းလဲခြင်းတရားအောက် တည်မြဲနေဆဲ..။

မေ့လွယ်ပျောက်လွယ်သူတွေက
ခေတ်မီ ယာဉ်တွေစီးပြီး
လူတချို့ ငတ်တဲ့ ရေသန့် ဗူးနဲ့ ခြေဆေး
ငြိမ်းချမ်းရေးကို သွေးအေးအေးနဲ့ 
အေးအေးဆေးဆေးလေး ဆွေးနွေးလို့ …..။

ရဲဘော်တို့ ….ရေ
ပြည်တွင်းစစ်တွေ ရပ်စဲပြီးရင်
ထင်းခွေ.ဟင်းစားရှာ ရွာသူ/သားတွေမှာ
ခြေပြတ်လက်ပြတ် အပြတ်ဘေးမကပ်ရလေအောင်
ထောင်ထားတဲ့ မြေမြုပ်မှိုင်း..
မဆိုင်းမတွတူးဖေါ်ရေးဆီသို့ ...။
မင်းတာရာ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More