Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ရှေ့ ခရီး


ဘ၀တွေကို
မရဏမင်းဆီမှာ လောင်းကြေးထပ်
ကူးတို့ ခ ငွေတမတ်ကို အံအစုံမှာကိုက်ချီ
ဂျီနီဗာရဲ့ လူ့ အခွင့်ရေးကြေငြာချက်ကိုဆွဲထုတ်ဖေါ်ပြခဲ့..
ရက်စက်လိုက်တဲ့ပုံများ
အလွှာပေါင်းစုံမှ ဆန္ဒထုတ်ဖေါ်ပြ ပြည်သူတွေကို
မိုးပေါ်ထောင်မပစ်တဲ့ အမိန့့်
ရိတ် သဲ့ ခြစ်ယူ ပြည်သူ့ ချွေးနဲစာဖြင့်
လဲလှယ်သိုဝှက်ထား သေစေညွှန်းတွေနဲ့ 
ပြည်သူအပေါင်းရဲ့ အသက်ခန္ဓာများစွာကိုချွေ
………………………………...................ချွေ
ဘ၀ တွေဆို
မုန်တိုင်းကြားမျော. အကျိုးအပဲ့များအလား...။

တော်လှန်ရေး…တောင်ပံခတ်တေးသွား
ပြည်တွင်း..အကျဉ်းထောင်...နယ်စပ်များနှင့်
နိုင်ငံတကာရောက် ဒေါင်းရွှေမြန်မာတို့ 
စနစ်တကျဟန်ချက်ညီ ခွပ်ချက်များအောက်..
အရေးပေါ်အစိုးရအဆင့်ဆင့်ကျဆုံး အရောင်ပြောင်းခဲ့ကြရ..
ခွပ်ဒေါင်းသမိုင်း..အစဉ်လာမရိုင်းစေခဲ့
မြန်မာ့သမိုင်းအထိုထိုမှ... ယနေ့ ထက်ထိတိုင်
ခွပ်ဒေါင်းဂါထာ မိုးမြင့်ယံမှာ လျှံဝေနေဆဲ…။

ခြေပြတ် လက်ပြတ် ဘ၀တွေစုတ်ပြတ်ရလည်း
လှေခွက်ချည်းကျန် အလံမလဲ  ဇွဲနဘဲနဲ့ 
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပန်းတိုင်
လှမ်းကိုင်နိုင်ဖို့  အားခဲညီညွှတ်ခဲ့ကြ
ဟော…မျော်လင့်ချက်လမ်းမပေါ် ခြေချရပြီ
ခံ့ခိုင်သည်အထိ..ရှေ့ ဆက်တို့ များတာဝန်…။

တို့ နဲ့ မတူ တို့ ရန်သူ
ဒီမူဝါဒ ခ၀ါချလို့ 
ပြည်မြန်မာအနာဂတ် လှပခိုင်ကြည်ရေးဆီသို့ …။

မင်းတာရာ

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More