Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

ဆီးရီးယား ပြဿ နာ နိဂုံးချုပ်စေရေးနဲ့ စတီဖင်ဟော့ကင်း



အထင်ကရ ဂရိတွေးခေါ်ပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ အရစ္စတိုတယ် Aristotle ကတော့ ဒီစကြာ ၀ကီးဟာ အမြဲတမ်းတည်ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူ အဲဒီလို ယုံကြည်ရတာက တချိန်ချိန် မှာ ကမ္ဘာကြီးမှာ ရေတွေလွှမ်းပြီး သဘာဝကပ်ဘေးဆိုးကီးတွေ ဖြစ်ပွားလာပြီးတဲ့နောက်ပိုင်း လူသားတွေရဲ့ လူနေမစနစ် civilisation တခု ပြန်လည်အစပြုလာလိမ့်မယ်လို့ သူက ဟောကိန်းထုတ်ပြောဆိုထားပါတယ်။
အခု ကျနော်တို့ဖြတ်သန်းနေရတဲ့ ဒီနေ့ခေတ်ကီးဟာ လျင်လျင်မြန်မြန်နဲ့ ရှေ့ကိုခရီးဆက်နေပါတယ်။ စက်မ နည်းပညာတွေနဲ့ အတတ်ပညာတွေလည်း အရှိန်အဟုန်မြင့်မြင့်နဲ့ ရှေ့ကိုခရီးနှင်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ လူသားတွေဟာ သဘာဝတရားဆိုတာကို ထဲထဲဝင်ဝင်မလေ့လာကြဘဲ ဟိုးအရင်   ကျောက်ခေတ်တွေတုန်းကလို လုပ်ချင်တာတွေကို ဘာကိုမှ မလေ့လာ၊ မငဲ့ကွက်ပဲ ကိုယ်လုပ်ချင်ရာတွေကို အဓမ္မ၊ အရမ်းကာရော ပြုလုပ်လာနေကြပါတယ်။
အဲဒီလို ဇွတ်တရွတ်၊ တစောက်ကမ်း ပြုမူလုပ်ကိုင်နေတဲ့အတွက် အတိဒုကရောက်ရတော့မှာမျိုးကနေ လက်မ တင်လေး လွတ်မြောက်ခဲ့ရတာမျိုးတွေ ကုံတွေ့ခဲ့ကြရပါတယ်။ ခေတ်မီတိုးတက်လာနေတဲ့ စက်ယနရား   တွေအသုံးပြုမတွေကြောင့် လူအတော်များများဟာ ဟောဒီ ကမ္ဘာမြေကြီးပေါ်ကနေ ထွက်ခွာသွားရတော့ မယ့် အဖြစ်မျိုးတွေနဲ့  ရင်ဆိုင်ရလုဆဲဆဲဖြစ်နေပါတယ်။
ဒီနေ့ ဆီးရီးယားနိုင်ငံမှာ ခေတ်မီနည်းပညာနဲ့ တီထွင်ထုတ်လုပ်ထားတဲ့ ဗုံးတွေ၊ ဓါတုလက်နက်တွေနဲ့  တခြားလက်နက်တွေကိုအသုံးပြုပြီး သူတို့ရဲ့ နိုင်ငံရေးပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် လူသားအရေအတွက် အများအပြားကို အရင်းအနှီးပေးလုပ်ဆောင်နေတာတွေ တွေ့ မြင်နေရပါတယ်။
အခုလိုပြောလိုက်လို့ ကလေးသူငယ်တွေအပါအ၀င် စုစုပေါင်း လူတသိန်းကိုလုပ်ကံ သတ်ဖြတ်ဖို့ဆိုတဲ့ အသံတွေ၊ အရာရာကို ဂရုတစိုက်နဲ့ နား မျက်စေ့ဖွင့်ထားကြဖို့ အထူးသတိထားပြီးစောင့်ကြည့် ကြဖို့ကြေညာ ထားတာတွေ ရှိနေပါတယ်။ အဲဒီ လုံးဝဥုံသုတ်သင်ရေးလမ်းစဉ်ကြောင့် ထိခိုက်မိခဲ့တဲ့ ကလေးသူငယ်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့အတွက် ဆေးရုံ၊ ဆေးခန်းတွေ၊ မရှိမဖြစ်လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်းကရိယာတွေ ကို ပြည့်စုံအောင် စီစဉ်ထားကြဖို့ နိးဆော်ထားပါတယ်။ လူသားတွေအတွက် လိုအပ်လာရင် တိရိစ္ဆာန်တွေရဲ့ ကိုယ်အစိတ်အပိုင်းတွေနဲ့ ယာယီ အစားထိုး ကုသပေးနိုင်ဖို့အတွက်၊ အရေးပေါ် ကုသပေးနေရတဲ့ ကလေး ငယ်တွေလိုအပ်တဲ့ပစ္စည်းပြည့်စုံဖို့နဲ့ ဆေးပစ္စည်းကိရိယာတွေ အသုံးပြုနိုင်စေမယ့် လျပ်စစ်ဓါတ်အား အလုံ အလောက်ရရှိရေးတွေအတွက် တိုက်တွန်းမှုတွေပါဝင်ပါတယ်။
ဒီနေ့ တကမ္ဘာလုံးက မျက်စေ့ဒေါက်ထောက်ကြည့်နေတဲ့ ဆီးရီးယားနိုင်ငံမှာဖြစ်နေတာက မလိုမုန်းတီးမပါပဲ။ အဲလိုမျိုးဖြစ်ပွားနေတာကို ကျနော်တို့အားလုံးက စိုးရိမ်တကီးနဲ့ စောင့်ကြည့်နေပြီး ဒါမျိုးဟာ မဖြစ်သင့်၊ မလုပ် သင့်ဘူးလို့  ပြောနေရုံနဲ့ လုံလောက်ပါပြီလား။
ကျနော်ဟာ စကြာဝကီးနဲ့ အပြောင်းအလဲတွေကို ကျနော့်ဘ၀တလျှောက်လုံးမြှုပ်နှံပြီး သုတေသနလုပ်နေ ခဲ့တာပါ။ ကျနော်ဟာ သက်ရှိလူသား အရေးတွေနဲ့ပါတ်သက်လို့လည်း သမိုင်းကြောင်းနဲ့ချီပြီး သက်ရှိမျိုးပွားမ၊ မျိုးစေ့တွေကို ပျက်စီးသွားစေနိုင်တဲ့ အရေးကိစ္စတွေကို ထပ်ပြီးလေ့လာရ မယ့်ကိစ္စတခုအဖြစ် ထပ်ပြီးပေါင်း ထည့်ရတော့မလိုမျိုး ဖြစ်နေပါပြီ။
အခုအချိန်မှာ မတရားဖိနှိပ်ချုပ်ကိုင်မှုမျိုးနဲ့ မတူတဲ့ပုံသဏ္ဍန်မျိုးနဲ့ ဘယ်အတိုင်းအတာအထိ လက်ရှိလူသားတွေ ခံစားနေကြရမလဲဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ကျိုးကြောင်းခိုင်လုံတဲ့အရေးကိစ္စတွေကိုမှ ပြုမူဆောင် ရွက်တတ်တာဟာ လူသားတွေရဲ့ ပင်ကိုယ်သဘောသဘာဝပါပဲ။ မိမိတို့ရဲ့ ကိုယ်ပိုင်မဟုတ်ရင်တောင်မှ အနာဂါတ်အတွက် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ လုပ်သင့်တယ်၊ လုပ်မှဖြစ်မယ်ဆိုမှသာ ပြုမူလေ့ရှိကြပါတယ်။
အခုလို ဆီးရီးယားက ကလေးတွေကိုကာကွယ်ဖို့အတွက်ကျနော်တို့ဟာ အတူအကွ ကိုးစားလုပ်ကိုင်ကြရ မှာ ဖြစ်ပါတယ်။ ဆီးရီးယားပိပက္ခကို ကျနော်တို့ဟာ ဘေးကနေစောင့်ကြည့်နေခဲ့တာ အခုဆို သုံးနှစ်ထဲ   ရောက်လာပါပြီ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေအားလုံး အလဟ ဖြစ်ရတော့ မလိုပါပဲ။ အခုအချိန်ကစပြီး ဆီးရီးယားနိုင်ငံက ကလေးတွေအတွက်ပေါ့လေ။
"ရပ်လိုက်ကြပါတော့၊ နောက်ထပ် အသတ်အဖြတ်တွေ မလုပ်ကြ ပါတော့နဲ့"
လို့ ဖခင်တယောက်အနေနဲ့ရော၊ အဖိုးအိုတယောက်အနေနဲ့ရော ကျနော်ပြောချင်ပါ တယ်။
ဟော့ဒီ စကြာဝကီးထဲမှာ သက်ရှိလူသားတွေဟာ ဘယ်လောက်အတိုင်းအတာအထိ ဆိုးဆိုးဝါးဝါး ခံစား   နေကြရဦးမလဲဆိုတာ ကျနော်ဟာ သိပ်ကိုစိတ်ဝင်တစားဖြစ်နေမိပါတယ်။ အလင်းရောင်ဟာ အရာဝတုတွေ ဆီ ရောက်ရှိဖို့ အချိန်တော်တော်ကြာတဲ့အတွက် စကြာဝကီးကို လေ့လာတဲ့အခါ ကျနော်တို့ဟာ ဘယ်လို နဲ့ ဘာကိစ္စတွေအချိန်ကိုက်ပြုမူခဲ့ရတာတွေကိုတွေ့ကြရပါတယ်။
ဒီနေ့ခေတ်မှာ ကမ္ဘာကီးဟာ ဘယ်လိုနဲ့ ဘာအလင်းရောင်ပေးပို့မကို ရရှိနေကြပါသလဲ။ လူသားတွေက အရင်အတိတ်ကာလတွေကို ပြန်လည်ကြည့်ရပြီး လေ့လာသိရှိခဲ့တာတွေကို တခြားညီအကိုတွေကို   ပြန်လည်ဖေါက်သည်ချခွင့် ရရှိခဲ့တာတွေအတွက် ကျနော်တို့ကိုယ့်ကိုယ်ကို ဂ်ုယူနိုင်ကြပါရဲ့လား။ ညီအကိုမောင်နှမသားချင်းတွေအနေနဲ့ တဦးအပေါ်တဦး ညှာညှာတာတာနဲ့ ဆက်ဆံကြပါရဲ့လား။ ကျနော်တို့ ရဲ့ ညီအကိုတွေကရော သူတို့ရဲ့ သားသမီးတွေကို ဘာတွေသင်ကြားပြသပေးကြမှာလဲ။
"စကြာဝကီးဟာ ရာသက်ပန် တည်ရှိနေမယ်" လို့ပြောခဲ့တဲ့ အရစ္စတိုတယ်မှားတယ်ဆိုတာ ကျနော်တို့  အခု သိနေရပြီ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄ ဘီလီယံတုန်းက စကြာဝကီးဟာ စတင်ပေါ်ပေါက်လာခဲ့ တာပါ။ ဒါပေမယ့် အင်မတန်ဆိုးဝါးတဲ့ ကပ်ဆိုးကီးတွေကြောင့် လူ့ယဉ်ကျေးမဟာ   ခေတ်နောက်ပြန်ဆွဲနေ ခဲ့ရတာပါ။
ဆီးရီးယားရဲ့ စစ်ပွဲဟာ သက်ရှိလူသားတွေရဲ့နိဂုံးကို အသိအမှတ်မပြုပေမယ်လို့ အဲဒီ့ ယဉ်ကျေးမှု အဆောက် အဦးမျက်နှာစာက ကျနော်တို့ လူသားအားလုံးကို ထွေးပွေ့ပွေ့ပိုက်ထားဆဲဖြစ်ပါတယ်။ သဘာဝရဲ့ ထာဝရ အမှန်တရားဟာ ရူပဗေဒအပေါ်မှာရော လူသားအသက်ရှင်နေထိုင်မတွေပေါ်မှာ  အခြေမခံပဲ လူသားတွေရဲ့ ရုန်းကန်လပ်ရှားမတွေအပေါ် အခြေခံနေတာကို သိရှိလာရပါတယ်။ အဲဒီ့ ရုန်းကန်လပ်ရှားမှုတွေမရှိရင် သက်ရှိလူသားတွေလည်း အသက်ရှင်ရပ်တည်နေမနေ နိတ္ထိတန်သွားဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ တယ်။
မောင်ဖေသက်နီ (ဘာသာပြန် )
(ဒီဆောင်းပါးရေးသားတဲ့ စတီဗင်ဟော့ကင်း Stephen Hawking ဟာ အင်္ဂလန်နိုင်ငံ ကင်းဘရစ် တက္ကသိုလ် ရဲ့ သင်္ချာပါမောက္ခတယောက် ဖြစ်သလို အချိန်ရဲ့သမိုင်းနိဒါန်း A Brief History of Time စာအုပ်ရေးသားခဲ့သူ လည်း ဖြစ်ပါတယ်)

Stephen Hawking

Photo by dailynews.com

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More