Sample Text

ရွှေဒေါင်းတောင်ဘလော့ဂ်သည် ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း http://www.shwedaungtaung.com/ ၏ ကိုယ်ပွားတစ်ခုအဖြစ် လွင့်တင်ပေးထားခြင်းဖြစ်သည်။

Pages

မိုးဘွဲ့ (ဦးကြင်ဥ)




အော် - မှုံတနွဲ့နွဲ့ လွမ်းနယ်ချဲ့လို့

စုံသဲ့ကန္တာ မြေထရံဆင့်

ကမ်းခုံမြင့်က စွင့်စွင့်ငယ်ညာသည်

ဘုတ်ဝါရွှေချိုးက ကူတော့တယ်။

သဇင်ဆော်လွင့် ပင်တံမြင့်မှာ

ပွင့်ပန်းရည်စုပ်

ခါသံသဲသဲ ညံမစဲ

ပဲတောင့်ပြုတ်တို့

ရွှေစာလုတ်ချီ ခွန်းသံငယ်စီသည်

ပြည်သည်ခေါင်ပိုး

လူလိုကပတ် နုတ်ခွန်းဆက်တယ်

ငှက်မယ်မျိုးတို့ ဆော်နိုးငယ်ခေါ်သည်

မြိုင်မော်သစ်နန်းကလဲဆူတော့တယ်။

ကသယ်မြေမွ

ကြေပွပွနှင့် မြသလင်းပြင်

မိုးနွေမခန်း ယိုစိမ့်စမ်းနှင့်

အိုင်ကမ်းခွင်မှာ ရွှေသမင်တောက်

စာမရီငွေ တိုးအောင်းချေ

ရေမိုးသောက်လို့ တောမျောက်ကယ်ငြာ

ကန္တာမြိုင်ကြီးကလည်း ပူဖို့ဘွယ်။

 
(လေးချိုးသဖြန်)

ပူဖို့ညွှန်း

လွမ်းလိုက်ကပါဘိတယ်…..။

တောင်းစောင်းထရံကွေ့မှာ

မိုးဝေ့လို့လယ်…..။

ရော်လို့သာဆွေးလိုက်ကဲ့

မအေးနိုင့်ပူနယ်ကို

ခြယ်ဖန်လဲ့ တဘုန်း……။

ဆင့်ဆင့်သာ ကဲတော့တယ်

ဖော်နဲသူကြေကြွေရန်ဖို့

ကိုးတန်ဖွဲ့ချုန်း…………….။ ။

**** ဘုတ်ဝါ၊ ပဲတောင့်ပြုတ်၊ သီခေါင်ဖိုး = ငှက်အမည်များ
ကပတ် = ကဲ့သို့
ကသယ် = မြေမှုန့်
ငြာ = ဟစ်ကြွေးသည်
ထရံ = မတ်စောက်သောနံရံ
ကိုးတန် = အရပ်ကိုးမျက်နှာ (၈+အထက်)

0 comments:

Post a Comment

ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းအား Like လုပ်ခြင်းဖြင့် အားပေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More